14 hrs - Translate

ဖောင်းထုနေရင်းနဲ့ HyperOS Update ကပါ အတူတူဖြစ်တော့မယ် 🫠
.
Apple ကနေ Liquid Glass UI Design ကို iOS 26 နဲ့အတူ မိတ်ဆက်ခဲ့ပြီး ဘယ်ဖုန်းကုမ္ပဏီက လိုက်ကူးကြမလဲဆိုတာက အခုတော့ အဖြေပေါ်လာတော့မှာပါ။
ဘာကြောင့်လဲဆိုရင် Xiaomi ကနေ ပြုလုပ်ခဲ့တဲ့ Survey တစ်ခုမှာ HyperOS 3 Update မှာ iOS 26 ပုံစံ Liquid Glass Design ကို ထုတ်ပြခဲ့သလို Digital Chat Station လို Chinese Leaker တွေကလည်း Apple Liquid Glass ပုံစံမျိုး တရုတ်ဖုန်းကုမ္ပဏီတွေ ထုတ်ပြဖို့ ပြင်ဆင်နေကြပြီဆိုပြီး အတည်ပြုပေးခဲ့ပါတယ်။
အခုထွက်လာတဲ့ ပုံအရဆိုရင် Search Button က iOS 26 လိုမျိုး Liquid Glass Design ဖြစ်လာတယ်၊​ အဲ့အပြင် Status Bar ကိုလည်း ဒီဇိုင်းပုံစံပြောင်းလဲထားမှာဖြစ်တယ်လို့ သိရပါတယ်။ Icon Design တွေကိုလည်း ပုံစံပြောင်းမယ်ဆိုပြီး သတင်းထွက်နေပေမယ့် ဘယ်လိုပုံစံဖြစ်လာမလဲတော့ မသိရသေးပါဘူး။​
ဘာပဲဖြစ်ဖြစ် Android ဖုန်းတွေမှာရော Apple လို Liquid Glass UI နဲ့ သုံးချင်ကြလား... 🫠

image