ရော်နယ်ဒို နာရေးမတက်ခဲ့တဲ့အကြောင်းအရင်း 🇵🇹
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ဂျိုတာရဲ့နာရေးအခမ်းအနားကို တက်ရောက်ခဲ့ခြင်းမရှိပါဘူး။
အကြောင်းကတော့ ရော်နယ်ဒိုအနေနဲ့ လူအများပူဆွေးသောကရောက်နေတဲ့ ဈာပနအခမ်းနားလိုနေရာမျိုးမှာ သူ့အပေါ်ဦိးတည်လာမယ့် မီဒီယာတွေနဲ့ လူတွေရဲ့ဝိုင်းအုံမှုတွေကြောင့် ကွယ်လွန်သူမိသားစုတွေကို အနှောက်ယှက်မဖြစ်စေလိုတာကြောင့် ဈာပနပွဲကိုမတက်ရောက်ခဲ့တာဖြစ်နိုင်တယ်လို့သိရပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုဟာ ဂျိုတာရဲ့မိသားစုထံ အားပေးစကားနဲ့၀မ်းနည်းကြောင်းစာလွှာ သီးသန့် ပေးပို့ခဲ့တယ်လို့သိရပါတယ်။
