2 ရက် - ဘာသာပြန်ပါ။

မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ပိုင်ဆိုင်ရန် ရာနှုန်းပြည့် ယုံကြည်ထားဟု ရှမ်းယူနိုက်တက်နည်းပြချုပ် ပြော
ရှမ်းယူနိုက်တက် နည်းပြချုပ် မစ္စတာအိုနိုဟီရိုကီ က ယနေ့ ဇူလိုင် ၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်၌ ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်ထိုသို့ပြောကြားသည်။
“ရန်ကုန်ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့နှစ်ကနဲ့မတူပါဘူး။ ဒီနှစ်မှာ ပြည်ပကစားသမားကောင်းတွေခေါ်ယူထားတဲ့အပြင် ပြည်တွင်းကစားသမားကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဗိုလ် လုပွဲစဉ်က ကျွန်တော်တို့အတွက် သေချာ ပေါက် ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ချန်ပီယံဆုဖလားကို ဒုတိယအကြိမ်မြောက် ပိုင်ဆိုင်ခွင့်ရဖို့ ရာနှုန်းပြည့် ယုံကြည်မှုရှိပါတယ်။” ဟု ဆိုသည်။
ရန်ကုန်ယူနိုက်တက်အသင်းကလည်း
ဗိုလ်လုပွဲစဉ်အတွက် ခေါ်ယူထားသည့် ဂျပန်တိုက်စစ်ကစားသမား ရင်တာရိုဟားမားကို ဗိုလ်လုပွဲစဉ်အတွင်း ထည့်သွင်းကစားသွားမည်ဟု အသင်းနည်းပြချုပ်ဦးကျော်ဒွန်းက ပြောသည်။
"ကစားသမားသစ် လာဘ်ဝေဘုန်းက ဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာပါဘူး။ ဒါပေမယ့် ဂျပန်ကစားသမား ရင်တာရိုဟားမား အနေနဲ့ကတော့ ပါဝင်ဖို့ ရာခိုင် နှုန်းအတော်များပါတယ်။ မိနစ် ၉၀ အတွင်း အဖြေရလဒ်ထွက်ပေါ်အောင် ကြိုးစားသွားမှာပါ”ဟု ဆိုသည်။
အဆိုပါ ဗိုလ်လုပွဲစဉ်ကို ယခုလဇူလိုင် ၆ ရက်နေ့ ညနေပိုင်းအချိန်၌ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းအတွင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး၊ ရှမ်းယူနိုက်တက်အသင်းအတွက် တောင်ကြီးမြို့မှ လာရောက်အားပေးကြမည့် ရှမ်းယူနိုက်တက်ပရိတ်သတ်အတွက် အကောင်းဆုံးကြိုး စားကစားမာ်ဟုရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် နန္ဒကျော်က ပြောသည်။

image
image
image