2 ရက် - ဘာသာပြန်ပါ။

မနက်အိပ်ယာထ breakfast မှာ ပရိုတင်းစားသုံးသင့်တဲ့အကြောင်း
တစ်ညလုံး အစာရှောင်ထားပြီးနောက် ပထမဆုံးစားလိုက်တဲ့ အစာဟာ သင့်ခန္ဓာကိုယ်အတွက် ဆော့ဖ်ဝဲလ် အပ်ဒိတ် (software update) လုပ်သလိုပါပဲ။ မှားယွင်းတဲ့ code ကို ရွေးလိုက်မယ်ဆိုရင် တစ်နေကုန် နှေးကွေးနေမှာပါ။ ဒါကြောင့် breakfast မှာဘာကြောင့် ပရိုတိန်းစားသင့်လဲ ရှင်းပြမယ်။
1️⃣ ကြွက်သားကိုလှုံ့ဆော်ဖို့ပါ၊ အစား စားချင်စိတ်ကိုမဟုတ်ပါ
တစ်ညလုံး အစာရှောင်တာ ကောင်းပါတယ်။ ဒါပေမဲ့ muscle-protein-synthesis ကို ပြန်ဖွင့်ဖို့အတွက် amino acids တွေ လိုအပ်ပါတယ်။ ဒါမှ ကြွက်သားတစ်ရှူးတွေ ကျုံ့မသွားဘဲ ကောင်းကောင်း ကြီးထွားနိုင်မှာပါ။
2️⃣ သကြားများတဲ့ မနက်စာ ထောင်ချောက်
Muffins တွေ၊ Cereal တွေ၊ frappés တွေဆိုတာ glucose ဆူနာမီ tsunami ပါပဲ။ ဒါတွေက mega-insulin surge ဖြစ်စေပြီး မနက်ခင်းမှာ လုံးဝကို အားကုန်သွားစေကာ သရေစာ ရှာစားချင်စိတ် ဖြစ်စေပါတယ်။ မနက်စောစော spike တစ်ခုတည်းက သင့် metabolism ကို နာရီပေါင်းများစွာကြာအောင် fat-storage mode ထဲ ရောက်သွားစေနိုင်ပါတယ်။
3️⃣ ပရိုတင်း = Metabolic အားသာချက်
-High thermic effect- ကယ်လိုရီရဲ့ 20-30% ကို အပူအဖြစ် လောင်ကျွမ်းစေပါတယ်။
-Longer satiety window -အစာစားချင်စိတ်ကို ပိုပြီး ထိန်းချုပ်နိုင်ကာ စုစုပေါင်း စားသုံးမှုကို လျော့နည်းစေပါတယ်။
-Dopamine & norepinephrine ကို ထောက်ပံ့ပေးခြင်း၊ မနက်ခင်းမှာ စိတ်ကြည်လင်လန်းဆန်းစေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။
-Muscle mass = “longevity pension” နေ့တိုင်း အစာကျွေးသင့်ပါတယ်။
ဒီတော့မနက်စာ ပလာတာ အီကြာကွေး ပဲလား?
ကျန်းမာကြပါစေခင်ဗျာ။