Samsung ဖုန်းကိုင်ရင် ဖွင့်ထားသင့်တဲ့ feature တွေ
တကယ်လို့ Galaxy ဖုန်းကိုင်ထားမယ် ၊ ဖုန်းက One UI 7 လည်း တင်ထားတယ်ဆိုရင် ဒီ security feature လေး on ထားဖို့ Samsung က တိုက်တွန်းထားပါတယ်။
Samsung အသစ်ထွက် OneUI 7 ဆော့ဖ်ဝဲလ်ထဲမှာ ဖုန်းအခိုးမခံရအောင် ကာကွယ်ပေးတဲ့ Theft Protection ဆိုတဲ့ feature တစ်ခု ပါလာပါတယ်။ Theft Protection က ဖုန်းအလုခံလိုက်ရတာ ၊ အခိုးခံလိုက်ရတာမျိုးအတွက် တော်တော်အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။
ဒီ feaure က AI နဲ့ စက်ရဲ့ motion sensor တွေ သုံးပြီး ဖုန်းအခိုးခံရတာကို သိနိုင်ပါတယ်။ ဥပမာ ဖုန်းကို ရုတ်တရပ် လုပြေးသွားတယ်လို့ sensor က မှတ်ယူတာနဲ့ ဖုန်းကို Theft Detection Lock ချမှာပါ။ နောက်တစ်ခုက အချိန်တော်တော်ကြာအောင် ဖုန်းက offline ဖြစ်သွားရင်လည်း auto-lock ပိတ်ပေးနိုင်ပါတယ်။
ခိုးတဲ့သူက ဖုန်းကို ခြေရာခံမရအောင် Airplane mode တင်တာပဲဖြစ်ဖြစ် SIM card ထုတ်တာပဲ ဖြစ်ဖြစ် လုပ်ထားရင် ဖုန်းထဲက ဒေတာတွေ တခြားမရောက်အောင် Offline Device Lock ပွင့်သွားမှာပါ။ Theft Protection feature မှာ ဖုန်းအခိုးခံရတဲ့နောက် ဖုန်းကို အဝေးကနေ Remote Lock ချနိုင်တဲ့စနစ်လည်း ပါပါတယ်။
ဒီ features တွေက ဖွင့်ရတာ လွယ်ပါတယ်။ ဖုန်း Settings ထဲက Security and Privcy ထဲသွားပြီး Lost device protection ကနေ Theft protection ကို ဖွင့်ရုံပါပဲ။ ပိုစိတ်ချရအောင် security settings တွေ ပြောင်းရင် ပိုင်ရှင်ရဲ့ ဇီဝအတည်ပြုချက်ပေးခိုင်းတဲ့ Identity Check ပါ ဆက်ဖွင့်ဖို့ Samsung က အကြံပြုထားပါတယ်။
အခု features တွေက Samsung Galaxy S22/23/24/25 sereis တွေနဲ့ Galaxy Z Fold 5/Z Fold 6 နဲ့ Galaxy Z Flip 5/Z Flip 6 ဖုန်းတွေမှာ ရနေပါပြီ။ တခြား Galaxy ဖုန်းတွေလည်း မကြာခင် ရတော့မှာပါ။
