2 d - Translate

❝ မ သေ သေး တဲ့ ငါ ❞
ငါ့ရဲ့မိတ်ဆွေတွေက သေကုန်ပြီး
ငါက မသေသေးတာဟာ
ကံကောင်းလို့သာ ဖြစ်တယ်။
ဒါကို ငါ သိပါတယ်။
ဒါပေမဲ့ မနေ့ညက အိပ်မက်ထဲမှာ
အဲဒီမိတ်ဆွေတွေက ပြောတယ်။
❛ လိုက်လျောညီထွေ နေနိုင်တဲ့ကောင်
ကျန်တာပေါ့တဲ့ ❜
ငါ့ကိုယ်ငါ မုန်းလိုက်တဲ့ဖြစ်ခြင်း ။
▪️ ဘားတော့ထ် ဘရက်(က်ရှ်ထ်)
▫️I, the Survivor
by Bertolt Brecht (Germany)
▪️ မောင်ဒေး - မြန်မာပြန်
▫️နိုင်ငံတကာ ကဗျာ ၁၀၀

image