3 d - Translate

Apple Intelligence မကောင်းရင် AI ပိုင်း ကောင်းနေတဲ့ Perplexity ကို ဝယ်လိုက်မယ်.. Problem Solved ပဲ 🫥
.
Apple ကုမ္ပဏီတွင်းမှာ Executive တွေက AI ပိုင်းအတွက် လက်ရှိအောင်မြင်နေတဲ့ Perplexity AI ကုမ္ပဏီီကို ဝယ်ယူဖို့ ဆွေးနွေးတိုင်ပင်နေတယ်ဆိုပြီး သတင်းထွက်လာပါတယ်။ ယခုသတင်းကို Bloomberg Media မှ Mark Gurman ကနေ ပြောကြားခဲ့တာကြောင့် ဖြစ်နိုင်ခြေများနေပါပြီ။

ဒါပေမယ့်လည်း လောလောဆယ်မှာ Apple ဘက်ကနေ Perplexity ဘက်ကို တရားဝင်ကမ်းလှမ်းမှုတွေ၊ စကားပြောဆိုမှုတွေ ပြုလုပ်ရခြင်းမရှိသေးပဲ ကုမ္ပဏီတွင်းမှာပဲ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဒါကြောင့် အစောပိုင်းအဆင့်ပဲရှိသေးပြီး တကယ်တမ်း ဝယ်ယူဖို့ မဆုံးဖြတ်တော့တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

လောလောဆယ်မှာ Apple ဟာ Safari မှာ Google ကို Default Search Engine အနေနဲ့ သတ်မှတ်ပေးထားတာကြောင့် Google ဆီကနေ တစ်နှစ်ကို ဝင်ငွေ ဒေါ်လာ ၂၀ ဘီလီယံဝန်းကျင်ရရှိနေပြီး Perplexity AI ကို ဝယ်ယူလိုက်မယ်ဆိုရင် Perplexity ရဲ့ AI Search ကို Safari မှာ Default အနေနဲ့ ပြောင်းလဲသတ်မှတ်အသုံးပြုနိုင်သွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Perplexity ကုမ္ပဏီဟာ တန်ဖိုးအနေနဲ့ ဒေါ်လာ ၁၄ ဘီလီယံဝန်းကျင် သတ်မှတ်ခံထားရပြီး တကယ်လို့သာ Apple က ဝယ်ယူလိုက်မယ်ဆိုရင် လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက Beats ကို ဒေါ်လာ ၃ ဘီလီယံဖြင့် ဝယ်ယူအပြီးမှာ တန်ဖိုးအကြီးဆုံး ဝယ်ယူမှုတစ်ခုဖြစ်လာနိုင်ပါတယ်။

Perplexity ဘက်ကလည်း တလောတုန်းက TikTok ကို ဝယ်ချင်ပါတယ်ဆိုပြီး ပြောထားဖူးတော့ Perplexity က TikTok ကို ဝယ်၊ Perplexity ကို Apple ကပါ ဝယ်လိုက်ရင် Apple က AI ပိုင်းရော၊​ TikTok ကိုပါ ပိုင်သွားလောက်မှာပဲ 🫠

image