3 ရက် - ဘာသာပြန်ပါ။

iPhone အတွက် Camera App အသစ်ထပ်စမ်းလို့ရပြီ 🫠
.
Adobe ကနေ iPhone အတွက် "Project Indigo" အမည်ရတဲ့ Camera App အသစ်ကို ထုတ်ပေးလိုက်ပါပြီ။​ ထူးထူးခြားခြား Adobe ကနေ Camera App ထုတ်တာလည်းဖြစ်တဲ့အပြင် တခြား Camera App တွေနဲ့ယှဥ်ရင်လည်း ထူးခြားနေတယ်။

ဘာကြောင့်လဲဆိုတော့ အခု Project Indigo App က "Computational Photography" Camera App လို့ ဆိုထားတဲ့အပြင် နောက်ကွယ်က ဖန်တီးတဲ့သူက ဟိုးအရင် Google Pixel ဖုန်းတွေစထွက်လာတုန်းက Pixel ရဲ့ Computational Photography သုံးထားတဲ့ Camera App ကို လုပ်ခဲ့တဲ့ Engineer - Marc Levoy ပဲ ဖြစ်နေတာပါ။

Computational Photography လို့ ဆိုထားတဲ့အတွက် Project Indigo နဲ့ ရိုက်လိုက်တဲ့ ဓါတ်ပုံတွေက တစ်ပုံတည်းရိုက်တာမဟုတ်ပဲ ပုံတွေအမြောက်အများကို Burst ရိုက်ပြီး ပိုပြီး Quality ကောင်း၊ Dynamic Range ပိုကောင်း၊ Noise ပိုနည်းတဲ့ ဓါတ်ပုံအဖြစ် ပေါင်းစပ်ပြီး ထုတ်ပေးနိုင်တာဖြစ်ပါတယ်။

Adobe ကတော့ SLR Camera တွေလို ဓါတ်ပုံပုံစံမျိုးကို ဖန်တီးဖို့ ရည်ရွယ်ထားတယ်လို့ ဆိုထားသလို Focus | Shutter Speed | ISO နဲ့ White Balance အစရှိတဲ့ Manual Control တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။​ App Interface ရော သုံးရတာရော တော်တော်လေး ကောင်းတယ်။

Free App လည်း ဖြစ်၊ Adobe Account ဝင်စရာလည်းမလိုပေမယ့် AI Reflection Remover တို့၊ AI De-noise လို Feature တွေလည်း သုံးလို့ရမယ်။ Photo နဲ့ Night Mode ဆိုပြီးလည်း ခွဲထားပေးတယ်။

တစ်ခုရှိတာက Adobe Project Indigo Camera App ကို သုံးဖို့အတွက် iPhone 12 Pro | iPhone 12 Pro Max နဲ့အထက် Pro Series iPhone တွေ၊​ Base iPhone ဆိုရင် iPhone 14 နဲ့ အထက်မှ သုံးလို့ရမယ်။ Adobe ဘက်က ပြောထားတာဆိုရင် iPhone 15 Pro နဲ့အထက်ဖြစ်မှ ပိုပြီး အဆင်ပြေပြေ သုံးနိုင်မယ်ဆိုပြီး Recommend ပေးထားတယ်။

Android အတွက်ကတော့ ထုံးစံအတိုင်း မထုတ်ပေးထားဘူး။ နောက်ပိုင်း ထုတ်ပေးမယ်လို့ ဆိုထားပေမယ့်လည်း ဘယ်အချိန်ဖြစ်မလဲကတော့ ပြောထားတာမျိုးမရှိပါဘူး။​

image