3 ရက် - ဘာသာပြန်ပါ။

ယူနိုက်တက်မှာ အမွှာညီအစ်ကိုနှစ်ယောက်စလုံး အတူတူပွဲထွက်ကစားခွင့်ရတဲ့အခါ ဘယ်လောက်ပျော်စရာကောင်းခဲ့သလဲ…
ဒါဟာ ကျနော်တို့ မကြာခဏ အမေးခံရတတ်တဲ့ မေးခွန်းတစ်ခုပါပဲ။ ကျနော်နဲ့ ဖေဘီယိုလည်း ဒီအကြောင်း မကြာခဏပြောဖြစ်တယ်။ “ငါတို့တွေ အသက်၂၅နှစ်လောက်မှ ယူနိုက်တက်မှာ အတူကစားရမယ်ဆိုရင် အခုထက်အများကြီးပိုကောင်းမှာပဲ”လို့…
ဟုတ်တယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ယူနိုက်တက်မှာ ကျနော်တို့ညီအစ်ကိုနှစ်ယောက် အတူပွဲထွက်ကစားခွင့်ရတဲ့အခါ သိပ်ပျော်စရာမကောင်းခဲ့ပါဘူး…
ဒီလိုပြောလို့ ကျနော်တို့ကို တစ်မျိုးတော့ မထင်ပါနဲ့။ ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရခဲ့တာ၊ ယူနိုက်တက်မှာ နှစ်ယောက်ပေါင်း ပွဲ၂၀၀ကျော် ကစားခွင့်ရခဲ့တာတွေဟာ ကျနော်တို့အတွက် တစ်သက်လုံးစာ ဂုဏ်ယူစရာကောင်းခဲ့ပါတယ်…
ဒီလိုဆိုကြပါစို့။ ကျနော်တို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ပွဲထွက်ကစားခွင့်ရရင် ပိုကောင်းတယ်။ နှစ်ယောက်အတူ ပွဲထွက်ကစားရပြီဆိုရင် သိပ်အဆင်မပြေတော့ဘူး…
ဘာဖြစ်လို့လဲ???
ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ညီအစ်ကိုနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြလို့ပါပဲ။ အတူတူပွဲထွက်ကစားရပြီဆိုရင် ကျနော်တို့က တောင်ပံတစ်ဖက်စီမှာ ကစားရတယ်။ ဟိုဖက်တောင်ပံမှာ သူအဆင်ပြေပါ့မလား၊ အမှားတွေဘာတွေများ လုပ်မိမလား ကျနော်တစ်ချိန်လုံး စိတ်ပူနေရတယ်။ ပွဲကို စိတ်ဖြောင့်ဖြောင့်နဲ့ မကစားနိုင်ဘူး။ သူလည်းကျနော့်ကို အလားတူစိတ်ပူနေတတ်တယ်။ သူလည်း ကိုယ့်အလုပ်ကိုယ် အာရုံမစိုက်နိုင်ပါဘူး…
ယူနိုက်တက်ဟာ၊ နည်းပြကြီးဆာအဲလက်စ်ဖာဂူဆန်ဟာ လူငယ်တွေကို အင်မတန်အခွင့်အရေးပေးတတ်တဲ့ အသင်းတစ်သင်းပါပဲ။ ဒါပေမယ့် အခွင့်အရေးဆိုတာကလည်း အတိုင်းအဆမရှိ ထုတ်ယူသုံးစွဲလို့ရတဲ့ ကိစ္စမျိုး မဟုတ်ပြန်ဘူး။ အကန့်အသတ်နဲ့ ချင့်ချိန်သုံးစွဲရတာမျိုး၊ အသုံးချရတာမျိုးဖြစ်နေတယ်။ မတော်တဆ အမှားအယွင်းတွေ လုပ်မိခဲ့ရင် နောက်ထပ်ပွဲထွက်ခွင့်ရဖို့ဆိုတာ ခက်ခဲသွားနိုင်တယ်မဟုတ်လား…
ဒါကြောင့် ကျနော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ပူနေရတာနဲ့ပဲ ကစားရတာ သိပ်အဆင်မပြေဘူးဖြစ်လာတယ်။ တစ်ယောက်ပဲ ပွဲထွက်ကစားရမယ်ဆိုရင်တော့ ကျနော်တို့နှစ်ယောက်စလုံး အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့စိတ်ထဲမှာ ရာဖေးလ်တွေ၊ ဖေဘီယိုတွေ မရှိလို့ပါပဲ။ သူဝင်ကစားရရင် ကျနော်ဝင်ကစားရတာနဲ့ အတူတူပဲ။ ကျနော်ဝင်ကစားရင်လည်း သူဝင်ကစားသလိုပါပဲ…
အမှန်တော့ ဖေဘီယိုက ကျနော့်ထက်ပိုကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် ယူနိုက်တက်မှာတော့ ဒဏ်ရာပြဿနာတွေကြောင့် သူပွဲထွက်ခွင့်နည်းခဲ့တယ်။ ကျနော်က ပွဲထွက်ခွင့်ပိုရခဲ့တယ်။ ကျနော်ဝင်ကစားရရင် သူပျော်ရွှင်နေတာပဲ…
ဒါပေမယ့် ၂၀၁၁ချန်ပီယံလိဂ်ဖိုင်နယ်မှာတော့ ကျနော်ဝင်ကစားခွင့်မရခဲ့ဘူး။ အဲ့ဒီရာသီမှာ သူအတော်လေးခြေစွမ်းပြနိုင်ခဲ့တယ်။ ဖိုင်နယ်မှာလည်း သူပွဲထွက်ခွင့်ရခဲ့တယ်။ အဲ့ဒီအတွက်လည်း ကျနော်ကိုယ်တိုင် ချန်ပီယံလိဂ်ဖိုင်နယ် ကစားခွင့်ရခဲ့သလိုမျိုး ကျနော်သဘောထားနိုင်ခဲ့တယ်။ ဂုဏ်ယူနိုင်ခဲ့ပါတယ်…
အဲ့ဒီလိုပေါ့။ ယူနိုက်တက်ကစားသမားဘဝမှာတုန်းက ကျနော်တို့ညီအစ်ကိုနှစ်ယောက်ဟာ တစ်ယောက်ပဲ ပွဲထွက်ကစားခွင့်ရရင် ပိုအဆင်ပြေတယ်။ နှစ်ယောက်စလုံး ပွဲထွက်ခွင့်ရရင် သိပ်အဆင်မပြေတော့ဘူး။ နားလည်ရခက်ခဲကောင်းခက်ခဲနိုင်ပေမယ့် အဲ့ဒါအဖြစ်မှန်ပါပဲ။ တကယ်ကို အဲ့ဒီအတိုင်း ဖြစ်ခဲ့တာပါ…
ချွင်းချက်ဆိုလို့ တစ်ပွဲပဲ ရှိခဲ့ဖူးတယ်။ ဟုတ်တယ်… ခင်ဗျားထင်တဲ့အတိုင်းပါပဲ…
2011တုန်းက အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ FAဖလား ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်ပါတယ်…
big matchတစ်ပွဲမှာ နိုင်ပွဲရခဲ့တယ်ဆိုတာကတော့ ဘယ်အချိန်မဆို ပျော်စရာကောင်းတာပါပဲ။ ဒါပေမယ့် အဲ့ဒီပွဲမှာ ကျနော်တို့ကစားသမားတွေအတော်များများပဲ ကစားနေကျမဟုတ်တဲ့ positionမှာ ကစားခဲ့ရတဲ့ကြားက နိုင်ပွဲရခဲ့တာဆိုတော့ ပိုပြီးပျော်စရာကောင်းခဲ့တယ်။ ပိုပြီးအဓိပ္ပါယ်ရှိခဲ့တယ်…

image