3 ရက် - ဘာသာပြန်ပါ။

ကျွန်တော်ငယ်ငယ်က
ကိုယ့်ကိုယ်ကို ပိုက်ဆံရှိသားသမီးလို့ထင်ခဲ့တယ်၊

မူလတန်းအရွယ်ကျောင်းသွားရင် ဆွဲခြင်းလေးထဲမှာ
မုန့်တွေအပြည့်၊လက်ညိုးထိုးသမျှရခဲ့တယ်၊

ကျွန်တော်သိတတ်တဲ့ အထက်တန်းကျောင်းသားအရွယ်ရောက်လာတော့ ကျွန်တော်တို့မိသားစုသိပ်မချမ်းသာဘူးဆိုတာကိုနားလည်လာတယ်၊

ကျွန်တော်သတ်မှတ်တာအလယ်အလတ်တန်းစားပေါ့၊

ပိုလျှံမနေပေမယ့်ကျွန်တော်တို့အဆင်ပြေပြေနေနိုင်သားပဲ၊
ကျွန်တော်ရင့်ကျက်လာတဲ့အချိန်မှာတော့ကျွန်တော်တို့မိသားစုက
ဘယ်လောက်ခက်ခဲလဲဆိုတာသိသွားခဲ့တယ်၊

အခုမှခက်ခဲလာတာမဟုတ်ဘူး၊အရင်ကတည်းက
ကျွန်တော်ငယ်ငယ်လေးကတည်းကပါပဲ၊

ကျွန်တော့်မိဘတွေက ကျွန်တော်လိုသမျှကိုကြိုးစားဖြည့်ဆည်းပြီး
ကျွန်တော့်ကိုယ်ကျွန်တော်ချမ်းသာတယ်ထင်အောင်လုပ်ပေးထားတာ၊

အဲ့တာကျွန်တော့်မိဘတွေရဲ့အရည်အချင်းပါပဲ။

#စာတို

image