3 d - Translate

ခွေးလေးတွေက ဘာကြောင့်ရုတ်တရက်ရိုင်းစိုင်းသွားတတ်တာလဲ????

အရမ်းကိုလိမ္မာတဲ့သင့်ခွေးလေးက ရုတ်တရက်သင့်အပေါ်မှာတောင် ကြမ်းတမ်းရိုင်းစိုင်းသွားတာမျိုးကြုံဖူးလား။

ပုံမှန်အားဖြင့်သခင်တွေအပေါ်မှာသစ္စာရှိပြီးချစ်စရာကောင်းတဲ့ခွေးလေးတွေဟာ တစ်ခါတစ်လေမှာတော့ စိတ်အပြောင်းအလဲဖြစ်ကာ ထူးဆန်းတဲ့အပြုအမူတွေနဲ့ ရန်လိုတတ်ကြပါတယ်။

- ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကိုပြောပြပေးသွားပါမယ်။

- တချို့ခွေလေးတွေကတော့လူစိမ်းတွေ၊ တခြားသော မရင်းနှီးတဲ့တိရစ္ဆာန်များနဲ့တွေ့ရတဲ့အခါ ကြောက်ရွံ့ပြီး ခုခံတဲ့ အနေနဲ့ရန်လိုတတ်ကြပါတယ်။

-သူတို့တွေ နေထိုင်မကောင်းတဲ့အခါ၊ ကိုယ်တွင်းဒဏ်ရာတစ်ခုရထားတဲ့အခါနဲ့ ဝေဒနာတစ်ခုခုခံစားနေရတဲ့အခါမျိုးတွေမှာ အထိမခံဘဲ စိတ်ဆက်ပြီး ရန်လိုတတ်ကြပါတယ်။

- ဒါမှမဟုတ် သူတို့အရမ်းချစ်ပြီးအရမ်းယုံကြည်ရတဲ့ သင်က သူတို့အပေါ် ရုတ်တရက် ရှောင်ဖယ်တာ၊ ဒေါသတကြီးအော်ဟစ်တာ၊ တစ်ခါမှမရိုက်ဖူးဘဲ ရိုက်နှက်တာမျိုးတွေ လုပ်မိတဲ့အခါမှာလည်း သူတို့လေးတွေကစိတ်မလုံခြုံမှုကိုခံစားရပြီး ဘယ်လိုတုံ့ပြန်ရမှန်းမသိဘဲ ရုတ်တရက်တိုက်ခိုက်တတ်ပါတယ်။

- ဒါ့အပြင် အသက်ကြီးလာတဲ့ ခွေးလေးတွေဟာလည်း သတိမေ့တက်လာပြီး အပြုအမူတွေကလည်းပုံမှန်မဟုတ်တော့တာမျိုးဖြစ်တတ်ပါတယ်။ သူတို့ရဲ့အမြင်အာရုံထဲမှာ မြင်ရတဲ့အရာတွေကိုခွဲခြားသိမြင်နိုင်စွမ်းလျော့နည်းလာပြီး မှားယွင်းတဲ့ ရန်လိုမှုတွေပြုလုပ်တတ်ပါတယ်။

ဒါကြောင့်သင်ခွေးလေးက သင့်အပေါ်ကိုရုတ်တရက် ကြမ်းကြမ်းတမ်းတမ်းပြုမူလာတဲ့အခါ

ဒေါသမထွက်ဘဲ၊ ပြန်အကြမ်းမဖက်ဘဲ၊ ပြင်းပြင်းထန်ထန်အပြစ်ပေးတာမျိုးမလုပ်ဘဲ သူ့တို့ကိုခဏရှောင်ပြီး စိတ်ငြိမ်ဖို့အချိန်ပေးသင့်ပါတယ် 🩵


#credit....