Pre-school ကျောင်းသားလေးတစ်ဦး ကျောင်းကားပေါ်မှာမေ့ကျန် ပိ.တ်.မိ.နေခဲ့တဲ့ ကိစ္စရပ်အတွက်တောင်:ပန်ခဲ့တဲ့ ရန်ကုန်မြို့က နာမည်ကြီး ကိုယ်ပိုင်ကျောင်း...(ကျောင်းတွေဖက်က ပိုပြီး သတိထားသင့်ပါတယ်)
NELC ရဲ့ ကျောင်းခွဲတစ်ခုမှာ Pre-school ကျောင်းသားလေးတစ်ဦးဖြစ်တဲ့ မောင်မင်းဘုန်းမြတ် ကျောင်းကားပေါ် မေ့ကျန်ပိ.တ်.မိ.နေခဲ့တဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး အဆိုပါကျောင်းခွဲက တာဝန်ရှိသူတွေကို အရေ:.ယူပြီးဖြစ်ကြောင်း နဲ့ တောင်:ပန်တဲ့အကြောင်း စာထုတ်ခဲ့တာ တွေ့ရပါတယ်.
NELC ရဲ့ ကျောင်းခွဲတစ်ခုမှာ Nestling 3 တက်ရောက်နေသူဖြစ်တဲ့ မောင်မင်းဘုန်းမြတ်ဟာ ဇွန်လ ၂၆ရက်နေ့ မနက် နေအိမ်မှကျောင်းသို့ အသွား ကျောင်းကားပေါ်တွင် အိပ်စက်လျှက် လိုက်ပါခဲ့ပါတယ်တဲ့. ကျောင်းရှိ စီ.စီ tv မှတ်တမ်းအရ ကျောင်းကားဟာ မနက် ၉နာရီ ၁၀မိနစ်မှာ ရောက်ရှိလာခဲ့ပြီး ၉နာရီ ၁၂ မိနစ်မှာ ကျောင်းသားအားလုံး ဆင်းခဲ့ကြောင်း ၉နာရီ ၁၃မိနစ်မှာ ကျောင်းကား ကျောင်းမှ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်. ကျောင်းကားဆရာ ကျောင်းသားစီစဥ်ကြီးကြပ်သူဝန်ထမ်း အကူဝန်ထမ်းတို့၏ ပေါ့လျော့မှုကြောင့် သားငယ်လေး မင်းဘုန်းမြတ်ဟာ အဆိုပါ ကျောင်းကားပေါ်မှာပဲ အိပ်စက်လျှက် ပါသွားခဲ့တာ ဖြစ်ပါတယ်. ကျောင်းတက်ချိန် အတန်းပိုင်ဆရာမမှကျောင်းသားကျောင်းသူ ဦးရေစစ်ဆေးရာတွင် သားသားမင်းဘုန်းမြတ်၏ ထမင်းချိုင့်ထည့်သော ခြင်းကိုသာ တွေ့ရှိရပြီး သားသားမင်းဘုန်းမြတ်ကို မတွေ့ရှိသည့်အတွက် စိ.တ်.ပူစွာဖြင့် ကျောင်းရုံးခန်းသို့ လျင်မြန်စွာ သွားရောက်သတင်:ပို့ပြီး အခြားစာသင်ခန်းများတွင် ရှိမရှိ စ.စ်ဆေ:နေခဲ့တဲ့ အတွက် မိဘတွေထံ လှမ်းအကြောင်းကြားဖို့ သတိလ.စ်ဟ.င်းခဲ့ပြီး . ကျောင်းရုံးခန်းမှ ကျောင်းကားဆရာထံ ဖုန်းဆက်မေးသည့်အခါ ကျောင်းကားဆရာမှ အိမ်အောက်ထပ်တွင် ရပ်ထားသည့် ကျောင်းကားထံ သွားရောက်ကြည့်ရှုခဲ့ကြောင်း. ထိုအခါ မောင်မင်းဘုန်းမြတ်အား ရပ်ကွက်ထဲမှသူများနှင့်အတူ ကျောင်းကားအနီးတွင် လုံခြုံစွာ ပြန်လည်တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်.
ရပ်ကွက်တွင်းနေထိုင်သူများ၏ ပြောကြားချက်အရ ကျောင်းကားဆရာမှ အိမ်အောက်တွင်ကားရပ်ပြီး မနက်စာစားရန် အပေါ်တက်သွားခဲ့ကြောင်း မောင်မင်းဘုန်းမြတ်က ကားဒရိုင်ဘာထိုင်ခုံမှမှန်အားလှည့်ဖွင့်၍ အပြင်သို့ထွက်ခဲ့ကြောင်း. ကားအပြင်သို့ရောက်ရှိပြီး အနီးအနားရှိရပ်ကွက်တွင်း နေထိုင်သူအမျိုးသမီးတစ်ဦးမှ ကျောင်းသားမောင်မင်းဘုန်းမြတ်၏ လွယ်အိတ်အတွင်း တွေ့ရှိရသည့် ကျောင်းကြိုကဒ်မှ ဖုန်းအား ဆက်ကာ မိဘများထံ အကြောင်းကြားပေးခဲ့ကြောင်း. ထို့နောက် ကျောင်းကားဆရာမှ ကျောင်းသားမောင်မင်းဘုန်းမြတ်အား ကျောင်းသို့ချက်ချင်းပြန်လည်ပို့ဆောင်ပေးခဲ့ပြီး အတန်းပိုင်ဆရာမထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်.
NELC Preschool အနေဖြင့် ယခုဖြစ်စဥ်တွင် အဓိကဖြစ်တဲ့ ကာယကံရှင် မောင်မင်းဘုန်းမြတ် ရဲ့ ဆုံးဖြတ်ချက်မှန်ကန်စွာပြုမူဆောင်ရွက်ခြင်း. ရဲရင့်ခြင်း. အခ.က်အ.ခဲအားတည်ငြိမ်စွာဖြေရှင်းဆောင်ရွက်ခြင်း တို့အတွက် အထူးမှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း. မိဘဘိုးဘွားများ စိတ်အနှော.က်အ.ယှ.က် ဖြစ် စို:.ရိ.မ်ခဲ့ရခြင်းအတွက် ကျောင်းခွဲမှ အနူးအညွတ် မေတ္တာရပ်ခံတောင်:ပန်ပါကြောင်း. ဇွန်လ ၃၀ရက်တွင် ကျောင်းတည်ထောင်သူနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြ မေတ္တာရပ်ခံခြင်းအပေါ် လက်ခံတွေ့ဆုံ နားလည်ခွင့်လွှတ်ပေးသော မိဘဘိုးဘွားများအားလည်း ကျေးဇူးတင်ရှိပါကြောင်း . လုပ်ငန်းတာဝန် ပေါ့လျော့သော ကျောင်းကားဆရာ ကျောင်းခွဲတာဝန်ရှိသူဝန်ထမ်းနှင့် အကူဝန်ထမ်းတို့အား ပြင်:ပြင်:ထ.န်ထ.န်သတိပေးပြီး ထိုက်သင့်တဲ့ပြ.-စ်ဒ.-ဏ် ချ.မှ.တ်ပြီးဖြစ်ကြောင်း .အလားတူဖြစ်ရ.ပ်မျိုး ထပ်မံမဖြ.စ်ပွာ:စေရန် လိုအပ်သော ကြ.ပ်မ.တ်မှုနှင့် ပိုမိုတင်:ကြ.ပ်သောစည်းကမ်းများ ပြင်ဆင်ချမှ.တ်သွားမည်ဖြစ်ကြောင်း အစရှိတဲ့ အချက်အလက်တွေကို NELC ဘက်က ဖော်ပြထားတာ တွေ့ရှိရပါတယ်.
Credit...
