ထန်းလျက်နဲ့ သရက်ယို
ရှာမတွေ့တဲ့ ညီမလေးရေဒီမှာနော်
ပြန့တင်ပေးလိုက်ပြီ
သရက်ယို
🌿🌿🌿🌿🌿
သရက်သီး ၃လုံး
ထန်းလျက် ၃၀သား (အချိုကြိုက်ရင်ပိုထည့်)
ဆား အနည်းငယ်
ထုံး (ဇီးသီးလုံးခန့်)
သရက်သီးများကိုအခွံနွှာပြီရေဆေးထားပါ
ခြစ် နဲ့ ခြစ်ပြီးရင် (အနေ​တော်တုံး (လှီး)လည်းရတယ်) ကြိုက်သလိုပေါ့ ထုံးရေနဲ့ ၂ နာရီခန့်စိမ်ပြီ ရေဆေး ရေညှစ်ထားပါ
ထန်းလျက်ကိုဆားအနည်းငယ်ထည့် ညောင်စေးကျအောင်ကျိုပါ
သရက်သီးကို ထန်းလျက်ကျိုထားတဲ့ အိုးထဲထည့်ပါ
သရက်သီးအရည်များထွက်လာပါမည်
ရေခန်းတဲ့အထိ မွှေရမယ်နော် ရေခန်းခါနီး မဆလာတဇွန်း ငရုပ်သီးအစိမ်းမှုန့်တဇွန်းထည့်
ရေခန်းရင် မီးအရှိန်လျှော့လို့ရပြီ မီးအေးးနဲ့ စေးလာအောင်ထိုးပေးပါသရက်သီးများစေးလာပါကမီးဖိုပေါ်မှအိုးကိုချရပါပြီ
အေးလာရင် သရက်ယိုလေးစားလို့ရပါပြီနော်

image