** သရဲကိုအိမ်ခေါ်ခဲ့သောသူ **
(ဖြစ်ရပ်မှန်ကိုအခြေခံထားသည်)
စာရေးသူ/ဇာတ်လမ်း - ဝိုင်စီရဲ
ညဘက်၉နာရီရောက်ပြီဆိုရင် ရတနာလမ်းက...
လူခြေတိတ်သွားကြပြီဗျ... လူခြေတိတ်ဆို အဲ့လမ်းထဲက...
ညောင်ပင်ကြီးကတစ္ဆေ အရမ်းခြောက်တာဗျ... တချို့လူ
တွေဆိုရင်... အဲ့ညောင်ပင်ရှေ့မှာတင် မေ့လဲသွားရောတဲ့ဗျ..
ကျုပ်တို့ရပ်ကွက်မှာတော့... ဒီလမ်းက သိပ်နာမည်ကြီးတာ
ပေါ့ဗျာ.. ဒါနဲ့ကျုပ်တစ်ခါအခြောက်ခံဖူးတာလေးခင်ဗျားကို
ပြောပြအုံးမယ်...
အဲ့နေ့ညက... ကျုပ်အလုပ်မှာ... အချိန်ပိုဆင်းရတယ်ဗျ
ပုံမှန်ဆိုရင်... ကျုပ်အလုပ်ဆင်းချိန်က.. ၅နာရီဗျ.. အဲ့နေ့
ကြတော့... သူဋ္ဌေးက အချိန်ပိုဆင်းရမယ်ပြောတော့...
အိမ်ကို ဖုန်းဆက်ပြီး အချိန်ပိုစဆင်းတာပေါ့ဗျာ... ဒီလိုနဲ့..
အလုပ်လုပ်လာလိုက်တာ...အချိန်ကိုကြည့်လိုက်တော့..
(၉)နာရီထိုးပြီဗျ....
ရဲရင့်။ ။ ဝိုင်စီရေ ငါဒီနေ့မင်းနဲ့မပြန်နိုင်တော့ဘူးကွ
ဝိုင်စီရဲ။ ။ ဘာလို့လဲ
ရဲရင့်။ ။ အေး ငါ့ဦးလေး နေမကောင်းလို့သတင်းသွားမေးမ
မလို့ ပြီးတော့အဲ့မှာပဲညအိပ်လိုက်တော့မယ်
မနက်ကြမှ ငါ့ဦးလေးအိမ်ကနေ အလုပ်ကိုလာခဲ့
တော့မယ်..
ရဲရင့်ကဒီလိုပြောတော့...ကျုပ်တစ်ယောက်တည်းပြန်
မှာကိုတွေးပြီး..ကြောက်စိတ်တွေဘယ်ကနေဘယ်လိုဝင်လာ
မှန်းမသိပါဘူးဗျာ... ကျုပ်အိမ်က.. သရဲအရမ်းခြောက်တဲ့
ရတနာလမ်းကဖြတ်ပြန်ရမှာလေဗျာ... ဒီလိုနဲ့ အလုပ်ကနေ..
ကျုပ်တစ်ယောက်တည်း... စထွက်လာပြီပေါ့ဗျာ... ဒီလိုနဲ့
ခြေလှမ်းများတရွေ့ရွေ့ဖြင့်သွားရင်းသွားရင်းနဲ့.. ရတနာ
လမ်းကိုမြင်နေရပြီဗျ... ကျုပ်လည်း စိတ်ကိုတင်းထားပြီး...
ခြေလှမ်းခပ်မြန်မြန်ဖြင့်... လျှောက်နေတာပေါ့ဗျာ... .
ညောင်ပင်ကြီးရှေ့ကိုရောက်တော့... ကျုပ်ဘုရားစာ ကို..
တီးတိုးရွတ်လိုက်မိတယ်.... ထိုအချိန်မှာ.. ရုတ်တရက်လေ
တွေ တိုက်လာတယ်... ကျုပ်အသိစိတ်က ဘာကြောင့်လည်း
တော့မသိဘူး...သစ်ပင်အပေါ်ကိုကြည့်ချင်တဲ့စိတ်တွေများ
နေတော့... ခေါင်းမော့ပြီး...သစ်ပင်အပေါ်ကိုကြည့်လိုက်မိ
သည်.... အမယ်လေးဗျာ... တစ်ကိုယ်လုံးသွေးတွေစီးကျနေ
တာဗျ... သရဲမဗျ.. တဖြည်းဖြည်းနဲ့ သစ်ပင်အောက်ကိုဆင်း
လာတာဗျ... ကျုပ်လည်း... ဘာပြောကောင်းမလဲ... အိမ်ကို
ပဲ တချိုးတည်း... ပြေးတော့တာပေါ့ဗျာ... သုံးရက်လောက်..
အလုပ်ကိုမသွားနိုင်ဘူး.. ကြောက်ဖျားဖျားတော့တာပေါ့
ဗျာ...
ဒါကတော့... ကျုပ်အခြောက်ခံရတဲ့ အဖြစ်အပျက်
လေးပေါ့ဗျာ...ကျုပ်တို့ရပ်ကွက်ထဲမှာ... ဦးသိန်းဝင်းဆိုတဲ့.
အရက်သမားကြီးရှိတယ်ဗျ... အဲ့ဦးလေးက.. တစ်ကောင်
ကြွက်ဗျ... သူ့ရဲ့အဖော်မွန်က... အရက်ပေါ့ဗျာ.. အရက်သာ
သောက်ရရင်...ဘာခိုင်းခိုင်းလုပ်ပေးတဲ့သူပေါ့... တစ်နေ့..
ဦးလေးသိန်းဝင်းကို ကျုပ်သူငယ်ချင်း ရဲရင့်က...
ရဲရင့် ။ ။ မင်္ဂလာလမ်းက ညောင်ပင်ကြီးကသရဲမကို ဦးလေး
အိမ်ခေါ်ရဲရင် ပိုက်ဆံတစ်သောင်းပေးမယ်
ဦးလေးသိန်းဝင်း။ ။ ဟင် ငါ့တူ တကယ်ပြောတာလား
ရဲရင့်။ ။ တကယ်ပေါ့ဦးလေးရ ဒီည ခေါ်ရမှာနော် ကျုပ်က
သစ်ပင်ကြီးရဲ့မနီးမဝေးမှာစောင့်နေမယ်
ဦးလေးသိန်းဝင်း ။ ။ အေးအေး
ဒီလိုနဲ့ ည၁၂နာရီရောက်တော့... ရဲရင့်နဲ့ ဦးလေး
နှစ်ယောက်... မင်္ဂလာလမ်းက ညောင်ပင်ကြီးဆီသို့..
သွားကြပြီပေါ့ဗျာ... ဦလေးသိန်းဝင်းက... ထုံးစံအတိုင်း...
အရက်သောက်နေကြဗျ... အခုလည်းပုလင်းကိုကိုင်ရင်းနဲ့..
ညောင်ပင်ကြီးရှေ့မှာရပ်နေတာဗျ.. ညောင်ပင်ကြီးကို...
မိုးမွှန်အောင် ဆဲနေတာများမြင်မကောင်းပါဘူးဗျာ.....
ရဲရင့်ကတော့... အဝေးကလှမ်းကြည့်နေတာပေါ့... ဦးလေး
က ဆဲပြီးတော့... ညောင်ပင်ကြီးကိုအပေါ့စွန့်လိုက်တယ်ဗျ..
ပြီးတော့... ပါးစပ်ကလည်း...
" ဒီသစ်ပင်ပေါ်ကသရဲမ ငါ့အိမ်လိုက်ခဲ့စမ်း'' ဆိုပြီး....
အော်ပြောနေတာဗျ... ထိုအချိန်တွင်သစ်ပင်ပေါ်က... သရဲမ
ဆင်းလာတာကို...ရဲရင့်ကမြင်တော့... အိမ်ကိုတန်းပြေးတော့
တာပဲဗျ... သရဲမဆင်းလာတာကိုတော့... ဦးလေးသိန်းဝင်း..
မြင်ပုံမပေါ်ဘူးဗျ... ဒီလိုနဲ့ ဦးလေးသိန်းဝင်းလည်း...အိမ်ကို
ပြန်သွားတာပေါ့... ည၂နာရီဆိုတဲ့အချိန်ကိုရောက်တော့..
ဦးလေးသိန်းဝင်းသည်..အမူးပြေ၍အိုက်စက်စက်ဖြစ်လာသ
ဖြင့်... ရေချိုးဖို့ရေချိုးခန်းထဲဝင်တဲ့အချိန်
အနောက်ကနေ တစ်ယောက်ယောက်ကတွန်းလိုက်တယ်....
မနက်ရောက်တော့... ဦးလေးသိန်းဝင်းက...
ရေချိုးခန်းထဲမှာ. ပုဆိုးကလည်ပင်းကိုစွပ်ပြီး. ရေတိုင်ကီကို..
ခံထားတဲ့... သစ်သားကိုချည်ထားတာဗျ.. ကြိုးဆွဲချသေနေ
တဲ့ပုံစံဗျ.... ရဲရင့်ကတော်တော်နောင်တရသွားတဲ့ပုံပဲဗျ...
သူတို့နှစ်ယောက်ဒီလိုသွားမယ့်နေ့ကို...ကျုပ်သိခဲ့ရင်တားတာ
ပေါ့ဗျာ... ဒီကိစ္စကိုရဲရင့်ကဘယ်သူကိုမှလျှောက်မပြောဖို့
ပြောတယ်ဗျ...
ဦးလေးသိန်းဝင်းကိုအရက်ကြောင်...ကြောင်ပြီးသေ
တာလို့ပဲရပ်ကွက်ထဲက..ထင်မြင်ချက်ပေးကြတာပေါ့ဗျာ..
ဦးလေးသိန်းဝင်းဘာကြောင့်သေရတာလဲဆိုတာ......
ကျုပ်ရယ်...ရဲရင့်ရယ်ပဲသိတာဗျ... အခုတော့...ခင်ဗျားပါ
သိသွားပြီပေါ့ဗျာ...
ပြီးပါပြီ...
ဆက်လက်ကြိုးစားပါဦးမည်...
အမှားပါရင်သည်းခံဖတ်ရှုပေးပါရန်
kalyar...
