6 d - Translate

#end
အသီးတင်မှုကောင်းစေရန် အတွက် ပန်းပွင့်အရေအတွက် တစ်၀က် ခန့်ပွင့်ချိန်တွင် ဖျန်းပေးပါက ပို၍ထိရောက်သည်။ အသီးကြွေမှု ကင်းဝေးစေရန်အတွက် အသီးတင်ပြီး တစ်လအကြာတွင် ဖျန်းပေး ရန် လိုအပ်သည်။ ကြက်မောက်ပင်၏ အသီးအရောင်တိုးတက်မှုမှာ အလင်းရောင်ရရှိမှု၊ အလင်း ပြင်အားတို့နှင့် ဆက်စပ်မှုရှိနေပြီး၊ အသီး အခွံအနီရောင်ဖြစ်ပေါ်မှုမှာ Anthocyanin ထုတ်လုပ်မှုအပေါ် အဓိက တည်မီနေသည်။
အသီးအဆံချောင်ခြင်း၊ အချဉ်ဓာတ်များ ခြင်း၊ အရသာမချိုမွှေးခြင်းတို့မှာ အသီး ကြီးထွားချိန်တွင် ခြောက်သွေ့သောပတ် ၀န်းကျင်ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ရသည်။ အသီးကြီးထွားမှု နောက်ပိုင်းကာလ မိုး သည်းထန်စွာ ရွာသွန်းမှုနှင့် ကြုံရပါက အသီးအက်ကွဲတတ်ပါသည်။ ထိုင်းနိုင်ငံတွင် အသီးကို ပန်းပွင့်စုံပြီး ရက် ၉၀ မှ ရက် ၁၀၀ တွင်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ပန်းပွင့်စုံပြီးနောက် ရက် ၉၀ မှ ရက် ၁၀၀ ရက်တွင်လည်း ကောင်း၊ မလေးရှားနိုင်ငံတွင် ပန်းပွင့်စုံပြီး ရက် ၁၀၀ မှ ရက် ၁၃၀ ရက်တွင်လည်းကောင်း အသီးဆွတ်ခူးကြသည်ကို တွေ့ရှိ ရသည်။
အသီးအရောင်စတင်ဖြစ်ပေါ်ပြီး ၁၆ ရက်မှ ၁၈ ရက်တွင် စျေးကွက်တင်ပို့ နိုင်ပြီဖြစ်သည်။ အပင်တစ်ပင်တွင်ရှိ အသီး အားလုံးရင့်မှည့် လာရန်အတွက် ရက် ၃၀ ခန့် လိုအပ်ပါသည်။ မလေးရှားနှင့် ထိုင်း နိုင်ငံတို့တွင် အသီးတစ်လုံးချင်း ရောင်းချ ကြသည်ကိုတွေ့ရသည်။ အင်ဒိုနီးရှား နိုင်ငံတွင် ငါးရက်တစ်ကြိမ် အသီးဆွတ်ခူးလေ့ ရှိပါသည်။
နိုင်ငံအလိုက် စားသုံးသူကြိုက်နှစ် သက်မှု ကွဲပြားကြပါသည်။ ဥရောပ အကြိုက်မှာ အမျှင်မပါဘဲ အသားနှင့်အစေ့ ကပ်မနေသော မျိုးဖြစ်ပါသည်။ အာရှ အကြိုက်များ ကြတ်ဆတ်ပြီး အစေ့မပါဘဲ အရသာချိုမွှေး အရည်ရွှန်းမျိုးဖြစ်ပါသည်။ ယေဘုယျအားဖြင့်အသီး တစ်လုံးအလေး ချိန် ၃၀ ဂရမ်ထက်ပိုခြင်းကို ကြိုက်နှစ်သက် ကြသည်။ ပန်းရောင်မျိုးအတွက် အသီး၏ အလေးချိန်တစ်ကီ လိုဂရမ်လျှင် အထူးတန်း ၂၈ လုံး၊ ဒုတိယတန်း ၃၆ လုံးရှိရန် စံသတ်မှတ်ထားပါသည်။
ကြက်မောက်သီများ ထုပ်ပိုးရန် အတွက် ဖိုင်ဘာကဒ်ထူပုံးများ အသုံးပြုပြီး၊ မပို့မီ ၁၃ စင်တီဂရိတ်၌ သိုလှောင်ထား နိုင်ပါသည်။ အသီးများ ကဒ်ထူပုံးများ အတွင်းသို့ ထည့်ရာတွင် အစိုဓာတ် ထိန်း ကြားခံပစ္စည်းတစ်မျိုးမျိုး ထည့်သွင်းပါက အသီးများ လတ်လတ်ဆတ်ဆတ် ကြာ ရှည်ခံသည်ကို တွေ့ရှိရသည်။ အပေါက် ဖောက်ထားသော ပလပ်စတစ်အိတ်တွင် ထည့်သွင်းထုပ်ပိုးလျှင် အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်သည် အသင့်တော်ဆုံးဖြစ် သည်။ စျေးကွက်တွင် ၁၀ ရက်ထိ အထားခံသည်။
အပူချိန်ခုနစ်ဒီဂရီ စင်တီ ဂရိတ်ထက် နည်းပါက ရေစိုနာဖြစ်ပေါ်တတ်ပါသည်။ ကြက်မောက်၏ နိုင်ငံတကာစျေး ကွက်၀င် အရည်အသွေးရှိ စံအထွက်နှုန်းများ ကိုကြည့်ပါက ထိုင်းနိုင်ငံတွင် ၁၂ နှစ်သား တစ်ပင်မှ ၃၀၀ ကီလိုဂရမ်၊ အင်ဒိုနီးရှား နိုင်ငံတွင် တစ်ဟတ်တာ ၄ ဒသမ ၅ ကီလိုဂရမ်၊ မလေးရှားနိုင်ငံတွင် ၁၅ နှစ်သားတစ် ပင်မှ ၁၆၅ ကီလိုဂရမ်၊ ဖိလစ်ပိုင်နိုင်ငံ အပင်ကြီးတစ်ပင်မှ၂၀၀ ကီလိုဂရမ်မှ ၃၀၀ ကီလိုဂရမ်၊ သြစတြေးလျနိုင်ငံတွင် ခြောက် နှစ်သား အပင်တစ်ပင်မှ ၈၀ ကီလိုဂရမ်မှ ၁၂၀ ကီလိုဂရမ်၊ စင်ကာပူနိုင်ငံတွင် အပင် ကြီးတစ်ပင်မှ ၁၅၀ ကီလိုဂရမ်မှ ၁၈၀ ကီလိုဂရမ်နှုန်းများ ထွက်ရှိသည်ကို တွေ့ရှိရ သည်။ မြန်မာနိုင်ငံတွင် ၁၀ နှစ်သားတစ် ပင်မှ အသီးကီလိုဂရမ် ၃၀၀ ထွက်ရှိသော် လည်း နိုင်ငံတကာစျေးကွက်၀င် အရည် အသွေးမီ စံမီအသီးမှာ တစ်ပင် ၂၀ ကီလို ဂရမ်မှ ၃၀ ကီလိုဂရမ်သာ ထွက်ရှိသည်။ နည်းပညာပိုင်းဆိုင်ရာ များစွာကြိုးစားရန် လိုနေသေးသည်ကို ထောက်ပြနေသည်။
သို့ပါ၍ စီးပွားဖြစ် ကြက်မောက်ခြံ တစ်ခြံတည်ထောင်မည်ဆိုပါက အထက်ပါ နည်းပညာများဖြင့် ဖြည့်ဆည်းပံ့ပိုးပေးရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်။

image