5 d - Translate

#ဆက်ရန်ရှိ
မိုးမကျမီအတွင်း အပင် မစိုက်မီ ကျင်းကို ရေတစ်ပတ်တစ်ကြိမ် မှန်မှန်လောင်းပေး ရမည်ဖြစ်သည်။ ကြပ်မောက်စိုက်ပျိုးမည့်မြေကို ဓာတ်ခွဲ ကြည့်ပါက မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့နေလျှင် ဒိုလိုမိုက်ကျောက်မှုန့် ၂၀၀ ဂရမ်ကို တစ်ကျင်းနှုန်း ထည့်ပေးရန် လိုအပ်ပါသည်။ မိုးဦးကျ၍ မိုးမှန်လာပြီဆိုပါက ကောင်းစွာသန်စွမ်းဖွံ့ဖြိုးနေသော ပျိုးပင်များကို စိုက်ကျင်းအတွင်းသို့ မြေလုံးမကွဲ၊ အမြစ်မပြတ်စေရန် ဂရုပြုပြီး စိုက်ပျိုးရမည် ဖြစ်သည်။ စိုက်ပျိုးပြီး ပါက အပင်ခါ မချောင်စေရန် အပင်ခြေ ပတ်ပတ်လည် ခြေဖြင့် ပတ်နင်းပေးရန် ဖြစ်သည်။ ၎င်း နောက်လေတိုက်လျှင် ယိုင်မသွားစေရန် လေးပေ အရည် ဝါးငုတ်တိုင်စိုက်၍ အပင်ကို ဝါး ငုတ်တိုင်နှင့် ချည်ပေးထားရန်ဖြစ်သည်။
လေတိုက်၍ ယိုင်ခြင်း၊ ခါချောင်၍ အပင်လှုပ် နေလျှင် အမြစ်တော်တော်နှင့် မစွဲဘဲ သေ သွားနိုင်ပါသည်။ အလွန်အရေးကြီးသော အချက်ဖြစ်သည်။ အပင်စိုက်ပျိုးပြီးလျှင် တစ်ပင်ချင်း ရေဝအောင် လောင်းပေးရန် လိုအပ်သည်။ ကြက်မောက်ပင်စိုက်ပျိုးပြီး ခြောက်လမှ ရှစ်လအထိ အရိပ်လုပ်ပေးရန် လိုပါ သည်။ လေတိုက်မှု ခံနိုင်အောင် တစ်ပင်ချင်းအား လက်ငယ်၊ အုန်းလက်၊ ဓနိစသည်များဖြင့် လေကာလုပ်ပေးရန် လိုပါသည်။ အပင်တစ်နှစ်သားအရွယ်တွင် ပုံသဏ္ဌာန်မှန် အောင် ပုံသွင်းပေးခြင်းသည် သီးထွက် ကောင်းကောင်း ရရှိစေရန် အထောက်အကူ ပြုစေပါသည်။
အပင်ပုံသွင်း ပေးပါက သစ်ကိုင်းဂွကျယ်သော အပင်များ ဖြစ်လာ ပါသည်။ ထိုင်းနိုင်ငံတွင် အထူးသဖြင့် Rongrien မျိုးများတွင် Modified ပင်မ အညွန့်ကို ၇၀ စင်တီမီတာအထိ ကြီးထားစေ ပါသည်။ သန်စွမ်းပြီး ဒေါင့်ကျယ်သော ဘေးကိုင်း သုံးကိုင်းမှ လေးကိုင်း ဖွံ့ဖြိုးကြီးထွား လာအောင် ထားပါသည်။ ဤကိုင်းကြီး များသည် ပင်မကိုင်းကြီးများဖြစ်လာပြီး၊ ဒုတိယ နှစ်တွင် ၎င်း ကိုင်းကြီးများကို ဖြတ်ပေးခြင်း ဖြင့် ဒုတိယကိုင်းများ ထွက်လာစေပါသည်။
နောက်ပိုင်းတွင် ရေတက်များ၊ ကြားကိုင်း များ၊ ကိုင်းသေကိုင်းခြောက်များကို ဖြတ် ပေးရန်သာ ဖြစ်ပါသည်။ ကြက်မောက်ပင်နှစ်စဉ် သီးထွက် ကောင်းပြီး၊ နှစ်စဉ်သီးနေစေရန် အပင်ငယ်မှစ၍ ဂရုပြုပြီး ပြုစုစောင့်ရှောက်မြေသြဇာ ကျွေးရန် လိုပါသည်။ သုံးနှစ်သားအရွယ် အသီးသီးချိန် NPK တစ်နှစ်လျှင် သုည ဒသမ ၅ ကီလိုဂရမ် လိုအပ်ပါသည်။ အသီးအများဆုံး ထွက်သည့်အချိန်တွင် NPK တစ်နှစ်လျှင် ငါးကီလိုဂရမ်နှုန်း ထည့်ပေးရန် လိုအပ်ပါသည်။
တစ်ပင်လျှင် သဘာဝမြေဆွေး တစ်တင်းမှ တစ်တင်းခွဲ ထည့်ပေးရန် လိုပါသည်။ အပင်သက်တမ်း တစ်ဖြည်းဖြည်း ကြီးလာသည်နှင့်အမျှ သီးနှုန်း တက်လာပါ မည်။ နှစ်စဉ်သီးထွက်ကောင်းပြီး၊ နှစ်စဉ် အသီးသီးနေစေရန် အပင်ဇီ၀ကမ္မဖြစ်စဉ်နှင့် ကိုက်ညီ၍ ဓာတ်မြေသြဇာ ကျွေးပေးနေရန် လိုအပ်ပါသည်။ အောက်ပါမြေသြဇာနှုန်း ထားများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြု လျှင် ပိုကောင်းပါသည်။
ကြက်မောက်ပင်သည် အနည်းလို အာဟာရဓာတ်များ ချို့တဲ့ပါက သီးထွက် နှုန်းနှင့် အသီးတင်မှုကို ထိခိုက်စေပါသည်။ မဂ္ဂနီစီယမ်ဓာတ်များ ချို့တဲ့ပါလျင် အရွက် မွှားများ အရွယ်အစားသေးငယ်ခြင်း၊ ရွက် ကြောစိမ်းများကြား အရောင်ပျက်ခြင်း၊ အရွက်ကြွေခြင်း၊ ပန်းပွင့်နည်းခြင်း၊ အမြစ် ဖွံ့ဖြိုးမှုအားနည်းခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်သည်။ မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ပါက Ethephon 15 ppm တစ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်း ပြင်းအားကို အရွက်ပေါ်ဖျန်းပေးခြင်း၊ ဒို့လို မိုက်ကျောက်မှုန့်ကို အပင်ခြေတွင် ထည့်ပေးခြင်းမျာ ပြုလုပ်ပေးရန် လိုအပ်သည်။ ကယ်လ်စီယမ်ချို့တဲ့ပါက အပင်ခြောက် လာခြင်း၊ အရွက်ကြီးထွားမှု နှေးကွေးခြင်း၊ အပင်ကြီးထွားမှုအပိုင်းများ ရပ်တန့်ခြင်း၊ ထိခိုက်ခြင်းအတွက် မဖောက်ထုံး၊ သို့မဟုတ် ဒို့လိုကျောက်မှုန့်ကို အပင်မစိုက်မီ ကတည်းက ထည့်ပေးရန်လိုသည်။
သို့ရာ တွင် ထုံးပါသောပစ္စည်းများကို အပင်ငယ် စဉ်တွင် ထည့်ပေးပါက အနည်းဆုံးအရေ အတွက်သာထည့်ပေးရန် သတိပြုသင့်သည်။ သွပ်ဓာတ်ချို့တဲ့မှု မရှိသော်လည်း ဇင့်ဆာလ်ဖိတ် နှစ်ရာခိုင်နှုန်း ပြင်းအားဖြင့် တစ်နှစ်လေးကြိမ် ဖျန်းပေးနိုင်ပါက အထွက်နှုန်းကောင်းမှုကို အကျိုးပြုစေပါသည်။ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ များကို ထည့်ရာတွင် အပင်၏ အရွက်အုံ အ၀န်းအဝိုင်း၏ ဧရိယာတည့်တည့်တွင် မြောင်းတူး၍ထည့်ပေးရန် သတိပြုသင့်သည်။
ပန်းပွင့်ရက် ၁၀ ရက်မှ ၁၃ ရက်ခန့် စောစေရန် နအ့နစ့သည ၁၅ စစာ မှ ၂၀၀ စစာ ဖျန်းပေးခြင်းဖြင့် ရရှိနိုင်သည်။ မှည့် နေသောအသီးကို ဗြဗ ဖျန်းပေးခြင်းဖြင့် အသီးဆွတ်ခူးချိန်ကို နောက်ကျစေနိုင် သော်လည်း မဆွတ်ခူးရသေးသော အသီး များအတွင်းရှိအစေ့များ အပင်ပေါက်လာ စေနိုင်ပါသည်။ ဗြဗ ၂၀၀ စစာ ကို ွဗ ၂၀ စစာ နှင့်ရောဖျန်းခြင်းဖြင့် အသီးတင်မှုများ စေနိုင်သည်။
#ဆက်ရန်ရှိ

image