6 d - Translate

အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံးနှင့် ဗိုလ်ချုပ်ပြတိုက်သို လာရောက်သူများ လိုက်နာရမည့်အချက်ထုတ်ပြန်
လာမယ့် ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်မယ့် (၇၈)နှစ်မြောက် အာဇာနည်နေ့အတွက် အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက် ကြမည့်သူများအနေနဲ့ Drone ယာဉ်များအပြင် အခြားသယ်ဆောင်ခွင့်မပြုသည့် ပစ္စည်း(၁၀)မျိုးစာရင်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားပါတယ်။

အဆိုပါနေရာများသို့ လာရောက်ကြမည့် ပြည်သူများအနေနဲ့ Drone ယာဉ်များယူဆောင်လာခြင်း၊ လွှတ်တင်ခြင်းများမပြုလုပ်ရန်နှင့် လက်ကိုင်ဖုန်း၊ အလံ၊ လက်ကိုင်အိတ်၊ ကင်မရာ၊ မီးခြစ်၊ ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်း၊ ဗီနိုင်း၊ ပုလင်း/ဗူး၊ အလံကိုင်ဆောင်ရာတွင်အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်၊ သံပိုက်များနှင့် ဘောလ်ပင် စသည့်ပစ္စည်းအမျိုးမျိုးတို့အားယူဆောင်၍ ဝင်ရောက် ခွင့်မပြုကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လာရောက်သူများအနေနဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်း နံပါတ်စတဲ့ အချက်များကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန်နှင့် နိုင်ငံသားစိစစ်ရေး ကတ် (သို့မဟုတ်)ဝန်ထမ်းကတ်(သို့မဟုတ်) ကျောင်းသားကတ်(သို့မဟုတ်) ကိုယ်ရေးအချက်အလက်စိစစ်နိုင်တဲ့ အသိအမှတ်ပြု ကတ်ပြားယူဆောင်လာရမှာဖြစ်တယ်လို့ သိရပါတယ်။

လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ နှာခေါင်းစည်း(Mask)များမပျက်မကွက် စနစ်တကျတပ်ရန်နှင့် သတ်မှတ် ထားတဲ့ နေရာမှာလက်ဆေး၍ Hand Sanitizer အသုံးပြုပြီးမှ ဝင်ရောက်ရန်နှင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းစတဲ့ ရောဂါလက္ခဏာများဖြစ်ပွား နေပါက လုံးဝလာရောက်ခြင်းမပြုကြရန်လည်း မေတ္တာရပ်ခံ ထားပါတယ်။

image