၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို ရေပေးဝေနိုင်ရေး စီမံကိန်းများစီစဉ်ရေးဆွဲ
၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်မှာ တနင်္သာရီတိုင်းဒေသကြီးရှိ ကျေးရွာ ၁၂ ရွာတွင် ရေပေးဝေရေးလုပ်ငန်း ၁၄ ခုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ သိရပါတယ်။
အဆိုပါစီမံချက်မှာ ရေတိမ်သောအဝီစိတွင်းများနှင့် လက်ရေ တွင်းများတည်ဆောက်ခြင်း၊ ရေကန်တူးဖော်ခြင်း၊ ပိုက်လိုင်းများ တပ်ဆင်ခြင်းနှင့် စိမ့်စမ်းရေထုတ်စနစ်များ ပါဝင် ပါတယ်။
အခုကြိုးပမ်းမှုများက ကျေးလက်နေပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် နွေရာသီ မှာ ရေပြတ်လပ်မှုမှ ကာကွယ်ရန်ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
အခုစီမံကိန်းက တနင်္သာရီတိုင်းဒေသကြီးရှိ ကျေးရွာ ၁၂ ရွာမှ အိမ်ထောင်စု ၂,၃၅၉ စုမှ လူ ၁၀,၈၀၀ ခန့်ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရပါတယ်။
