Apple ရဲ့ iOS 26 Beta မှာ FaceTime အတွက် feature အသစ်တစ်ခုကို စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။ ဒီ feature ကတော့ video call ပြောနေစဉ်မှာ ကိုယ်လုံးတီးပုံရိပ် (nudity) ကိုတွေ့ရှိပါက ဗီဒီယိုကို အလိုအလျောက် ရပ်တန့်ပေးမှာဖြစ်ပါတယ်။
ဒီစနစ်ဟာ Apple ရဲ့ Sensitive Content Warning ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး FaceTime မှာ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းလာတာပါ။ Video call အတွင်းမှာ ကိုယ်လုံးတီးပုံရိပ်ကို နည်းပညာနဲ့စစ်ဆေးတွေ့ရှိခဲ့ရင် call ကို ခေတ္တရပ်တန့်ပြီး သတိပေးစာ (warning message) တစ်ခု screen မှာပေါ်လာမှာ ဖြစ်ပါတယ်။ အသုံးပြုသူအနေနဲ့ call ကို ဆက်လက်ပြောဆိုမလား၊ ဒါမှမဟုတ် အပြီးသတ်ရပ်တန့်မလားဆိုတာကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
ဒီ feature ဟာ video call ရဲ့ ကင်မရာ တွေကို စစ်ဆေးရတာဖြစ်တဲ့အတွက် အသုံးပြုသူတစ်ချို့အတွက် privacy စိုးရိမ်မှုတွေရှိလာစေပါတယ်။ ဒါပေမဲ့ Apple ဘက်ကတော့ သူတို့အနေနဲ့ အသုံးပြုသူတွေရဲ့ media content တွေကို ကြည့်ရှုနိုင်မှာမဟုတ်ဘူးလို့ အာမခံထားပါတယ်။
အရေးကြီးဆုံးတစ်ချက်ကတော့ ဒီ Sensitive Content Warning feature ကို iOS မှာ အလိုအလျောက်ဖွင့်ထားမှာမဟုတ်ဘဲ ပိတ်ထားမှာ (off by default) ဖြစ်ပါတယ်။ အသုံးပြုသူအနေနဲ့ ဒီ feature ကိုသုံးချင်မှသာ Settings ထဲက Privacy & Security မှာ ကိုယ်တိုင်ဝင်ရောက်ဖွင့်လှစ်ရမှာဖြစ်ပါတယ်။
ဒီ feature နဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်ပါသလဲ? ဒါဟာ လိုအပ်တဲ့ စနစ်တစ်ခုလား၊ ဒါမှမဟုတ် privacy ကို ထိပါးရာရောက်နေလားဆိုတာ သင့်အမြင်ကို comment မှာဝေမျှပေးခဲ့ပါဦး။
