6 d - Translate

ပိုင်ရှင်သစ်ဆီ သူ့ဟာသူ မောင်းပြီး သွားခဲ့တဲ့ Tesla ကား
Tesla က အကြီးကြီးတွေ ထုတ်ပြနေပါပြီ။
အော်စတင်မှာ ရှိတဲ့ Tesla Gigafactory ကနေ FSD သုံး Tesla Model Y တစ်စီးက မိနစ် ၃၀ အကွာအဝေးမှာ ရှိတဲ့ ကားပိုင်ရှင်သစ်ဆီ သူ့ဟာသူ မောင်းပို့လာပါတယ်။ ကားပေါ်မှာ ဘယ်သူမှ မပါဘဲ သူ့ဟာသူ တစ်နာရီ ၇၂ မိုင်နှုန်းနဲ့ တက္ကဆက် အဝေးပြေးလမ်းပေါ် မောင်းသွားတာပါ။
"ကားပေါ်မှာ ဘယ်သူမှ မပါပါဘူး။ ယာဉ်ကို ထိန်းချုပ်ဖို့လည်း အဝေးထိန်းအော်ပရေတာတွေ မထားပါဘူး။ လုံးဝအလိုအလျောက်မောင်းနှင်မှုပါ။ ဒါက အဝေးပြေးလမ်းပေါ်မှာ လူမပါ ၊ အဝေးထိန်းစနစ်မပါတဲ့ ပထမဆုံး အပြည့်အဝအလိုအလျောက်မောင်းစနစ်ပဲ" လို့ အီလွန်မတ်စ်က X ပေါ်မှာ ကြေညာပါတယ်။
Tesla AI နဲ့ Autopilot အကြီးအကဲ အရှော့ခ် အယ်လူဆာမီကလည်း ဒီခရီးစဉ်မှာ Model Y က တစ်နာရီ ၁၁၅ မိုင် speed အထိ သူ့ဟာသူ မောင်းသွားတယ်လို့ အတည်ပြုပါတယ်။ တစ်နည်းပြောရရင် Tesla ရဲ့ ပထမဆုံး အပြည့်အဝအလိုအလျောက်မောင်းနည်းပညာ FSD ခေတ် စတင်ပြီလို့ ကြေညာလိုက်တာပါပဲ။
Tesla က မကြာသေးခင်ကပဲ invite-onlye အနေနဲ့ မောင်းသူမဲ့ robotaxi ခရီးစဉ်တွေ အစမ်းစတင်နေပါတယ်။ Tesla FSD ဆော့ဖ်ဝဲလ်စနစ်နဲ့ဆို နောက်ပိုင်း ပိုင်ရှင်က ရုံးတက်နေရင်း ကားက သူ့ဟာသူ အော်ဒါလိုက်ငွေရှာတာမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။

image