6 d - Translate

ဂွန်ဇာလိုဂါစီယာကတော့ ရီးရဲလ်အသင်းကြီးမှာ နေရာတခုရဖို့ သေချာသထက် သေချာလာခဲ့ပါပြီ။ ဂျူဗီနဲ့ ညကပွဲမှာ တလုံးတည်းသော အနိုင်ဂိုးကို လူစားဝင်လာပြီး သွင်းယူပေးခဲ့ကာ အသင်းကို ကွာတားဖိုင်နယ်ဆီ ပို့ပေးလိုက်ပါတယ်။
ဒီပြိုင်ပွဲမှာ သူ ၃ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။ တိုက်စစ်မှူးမရှိသလောက်ဖြစ်နေတဲ့ ရီးရဲလ်အတွက် သူက ချိန်သားကိုက်ထွက်ပေါ်လာခဲ့ပြီး အလွန်ဆိုကို စိုးရိမ်စရာမလိုဘူးလို့ အချက်ပေးနေပါပြီ။ မက်ဒရစ်သားစစ်စစ်လည်း ဖြစ်၊ အသင်းအကယ်ဒမီကထွက်ပေါ်လာတဲ့သူလည်း ဖြစ်လို့ ရီးရဲလ်အတွက်တော့ တကယ်အားရစရာပါပဲ။
ဒီပြိုင်ပွဲက သူ့ကစားသမားဘ၀အတွက် ကြီးမားတဲ့အခွင့်အရေး၊ ပြောင်းလဲမှုတွေကို လုပ်ပေးနိုင်ခဲ့ပြီလို့ ပွဲအပြီးမှ ဂွန်ဇာလိုက ပြောခဲ့ပါသေးတယ်။ အာနိုးလ်ရဲ့ ဖြတ်တင်ဘောကို ဧရိယာထဲမှာပဲ အပိုင်ခေါင်းတိုက်ကာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

image