7 ရက် - ဘာသာပြန်ပါ။

ချယ်လ်ဆီးကစားသမား နက်တိုဟာ ဂျိုတာရဲ့ သတင်းဆိုးကြောင့် အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်တဲ့အထိ ဖြစ်သွားခဲ့ရပြီး မနက်ဖြန်ကစားရမယ့် ကလပ်ကမ္ဘာ့ဖလားပွဲမှာလည်း ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။
ချယ်လ်ဆီးနည်းပြမာရီစကာက နက်တိုကို ထည့်သွင်းကစားစေမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားကာ သူ့ကစားသမားရဲ့ ခံစားချက်ကို နားလည်တယ်လို့ ဆိုခဲ့ပါတယ်။ နက်တိုနဲ့ ဂျိုတာတို့က ၀ုလ်ဗ်မှာ အသင်းဖော်တွေဖြစ်ခဲ့သလို ပေါ်တူဂီမှာလည်း အသင်းဖော်တွေအဖြစ် ကစားခဲ့ကြပါတယ်။
တော်တော်လေးခင်မင်ရင်းနှီးသူတွေဖြစ်ပြီး ရုတ်တရက်ဖြစ်လာခဲ့တဲ့ ဖြစ်ရပ်ဆိုးကြောင့် နက်တိုဟာ အံ့အားသင့်ထိတ်လန့်ခဲ့ရပြီး မယုံနိုင်အောင်ဖြစ်ခဲ့မှာ သေချာပါတယ်။

image