#breakingnews
ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရမယ်လို့ အာမခံချက်ပေးလိုက်တဲ့ ဒေနာဝှိုက်
-------------
ဒီမနက်မှာပဲ UFC 317 ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အကြိုသတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။
အဲဒီမှာ တက်ရောက်လာတဲ့ မီဒီယာသမားတစ်ယောက်က ဘရန်ဒန် ရိုဗာ vs. ဂျော့ရှူအာဗန် ပွဲ အနိုင်ရတဲ့ ဖိုက်တာက ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရမှာလား ဆိုပြီး ဒဲ့မေးချလိုက်ပါတယ်။
ရိုဗာ ကလဲ "Come on ... Dana" လို့ တွန်းလိုက်တဲ့ အချိန်မှာ ဥက္ကဌကြီးက Yes ဆိုပြီး တုန့်ပြန်သွားခဲ့တာပါ။
Co-Main ပွဲကလဲ ဖလိုင်းဝိတ် ချန်ပီယံခါးပတ် စိန်ခေါ်ပွဲ ၊ အဲဒီရှေ့မှာ ထိုးမယ့် ဗန် နဲ့ ရိုဗာ ပွဲကလဲ ဖလိုင်းဝိတ်တန်းပွဲ ဆိုတော့ Timing အားဖြင့်ကြည့်ရင်လဲ အတော်လေးကို ကိုက်ညီမှု ရှိနေပါတယ်။
သတင်းထောက်တွေက ဒီလောက်နဲ့ ဖြေပေးတာကို မကျေနပ်သေးပါဘူး။ နောက်ထပ်မေးခွန်းနဲ့ ဘယ်လို ချုပ်လဲ ဆိုတော့ "ဥက္ကဌကြီးကတော့ အာမခံချက်ပေးလိုက်ပြီ ၊ ဒီပွဲကို ဘယ်လို ခင်းကျင်းကြမှာလဲ" ဆိုပြီး ထပ်ကွန့်ပါတယ်။
အဲဒီမှာဖိုက်တာနှစ်ယောက်စလုံးက စိတ်လှုပ်ရှားဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဆော်ကြမယ့်အကြောင်း ကတိတွေပြုသွားခဲ့တာပါ။
ပရိသတ်များခင်ဗျာ.....တနင်္ဂနွေနေ့မနက်မှာ ထိုးမယ့်ဗန်ရဲ့ ပွဲက ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် အာမခံချက်နဲ့မို့ မီးကုန်ယမ်းကုန် ပေါက်ကွဲဆော်ကြတော့မှာဖြစ်ပါတယ်။
ဝန်းရံဖို့သာ ပြင်ထားကြတော့ဗျို့..........💪💪

