တရားဝင်ပိတ်သိမ်းဖို့အတည်ပြုလိုက်ပြီဖြစ်တဲ့ Call of duty warzone mobile
------------------------------(gaming news)
Activision ဟာ call of duty warzone mobile ကိုတစ်နှစ်ကျော်ကျော်လောက် mobile platfromပေါ်ခြေချပြီးနောက်မှာ ခြေလှမ်းလေးတွေပြန်နောက်ဆုတ်သွားခဲ့ပါပြီ။သိပ်မကြာသေးခင်နာရီပိုင်းတုန်းကပဲ warzone mobile ကို တရားဝင်ပိတ်သိမ်းတော့မည်ဖြစ်ကြောင်းကို ကြေငြာသွားခဲ့ပါတယ်။
app stores များကနေမနက်ဖြန်ဆိုရင် Warzone Mobile ကိုဖယ်ရှားပစ်တော့မှာဖြစ်ပြီး playerတွေအနေနဲ့ in-game currencyများကိုလည်းလုံးဝဝယ်လို့ရတော့မှာမဟုတ်ကြောင်း၊warzone update အသစ်လာရင်တောင်မှ warzone mobile အတွက်လာတော့မည်မဟုတ်ကြောင်း၊ဆိုပေမယ့် gameကို installပြီးသားသူတွေအနေနဲ့ warzone mobile ဆက်လက်ကစားနိုင်ပါသေးတယ်။
Warzone mobile အတွက် server တွေကတော့ လပိုင်းသို့မဟုတ် နှစ်ပိုင်းလောက်ထိရှိနေဦးမှာဖြစ်ပြီး ကစားလို့ရနေဦးမယ်လို့သိရပါတယ်။
ဒါလည်းအနှေးနဲ့အမြန် ပိတ်နိုင်တာပါပဲ။
Activision အဆိုအရတော့ mobile မှာသူတို့ မျှော်လင့်ထားတဲ့ ရလဒ်မျိုးမရလို့ဆိုပြီးပြောထားပါသေးတယ်။
ဆရာသမားတွေက mobile အတွက်ကီးမကိုက်မဲ့ graphic engine ကြီးနဲ့အခက်အခဲတွေပေးခဲ့ပြီး မျှော်လင့်ထားတဲ့ရလဒ်မဟုတ်ဘူးဆိုပြီးပြောသေးတယ်။🥴
Warzone mobile ရဲ့ ဒီလို crisisဟာ call of duty mobile ကိုပိုအားစိုက်ဖို့အတွက် အခွင့်အရေးရလာမလား နောက်ထပ်ခြေလှမ်းသစ်ကို လှမ်းဖို့ နှစ်အတော်ကြာအောင်ပြင်ဆင်မလားဆိုတာ Activision ပဲသိတော့မှာပါပဲ။
Warzone Mobile ဟာ player တိုင်းအတွက်မဟုတ်ခဲ့တာတော့အသေချာပါပဲ။ Optimization အားနည်းတာက Low end, mid end တွေတင်မကပဲ High End phoneများမှာတောင် ရုန်းကန်ခဲ့ရတယ်။ Global Lunch မှာပြသာနာတွေတစ်သီကြီးတက်ခဲ့တယ်။တဖြည်းဖြည်း stableဖြစ်လာခါနီးမှ ပိတ်ချလိုက်တော့လည်း ဘာမှမတတ်နိုင်ဘူးပေါ့လေ။
#zeus
