1 w - Translate

အရေးအသား ရှင်းပြတ်သည်။
ပေါ်လွင်ထိရောက်သည်။
ဆွဲဆောင်စွမ်းရှိသည်။ထို့ပြင်
နှစ်လိုဖွယ်ရာသော
အမျိုးသမီးကောင်းများလည်း မပါရှိ။
ဆွေးမြေ့ဖွယ်ရာ
ရှိုက်ညည်းခြင်းများလည်း မရှိ။
အံ့ဖွယ်သရဲဖြစ်သော
သူရဲကောင်းများလည်း မတွေ့ရ။
ရိုးမပေါ်ရှိ ကရင်တိုင်းရင်းသားလူမျိုးများ၏
ဂျပန် ဆန့်ကျင်ရေးတိုက်ပွဲအကြောင်းကို
ဤပုံစံမျိုးဖြင့် ဝတ္ထုရေးနိုင်သည်မှာ
အံ့ဩစရာဖြစ်သည်။
ဗန်းမော်တင်အောင်၏ စာပေစုတွင်
တသီးတသန့်သော မှတ်တိုင်ဖြစ်သည်။
ထို့ပြင် တောင်ပေါ်သားတို့၏
တောင်ယာလုပ်ငန်း၊ စီးပွားရေးအခြေအနေ
ဖက်ဆစ်ဆန့်ကျင်ရေးစိတ်ဓာတ်ရင့်သန်လာပုံကို ပေါ်လွင်မီသရုံမျှမက ဆွဲဆောင်ခြင်းအပြည့်ဖြင့်
ပြနိုင်သည်မှာလည်း ဝတ္ထုရေးသူများ၊
ဝတ္ထုအကြောင်း သုတေသနပြုနေသူများ
ဂရုပြုရမည့် အချက်တစ်ချက်ဖြစ်သည် ။
- - မလိခ - -
× × × × × × × × × ×
❝ ရိုးမတိုက်ပွဲ ❞
▪️ဗန်းမော်တင်အောင်▪️

image