1 ပတ် - ဘာသာပြန်ပါ။

အမြင့်တက်လှမ်းပုံက ကြက်သီးတောင်ထလောက်တဲ့ #van
-----------
ဒီပုံက ကျနော်တို့ရဲ့ ဖိုက်တာလေးကို အကျဉ်းကြပ်တစ်ခုတည်းမှာ ထည့်ထားတာ မဟုတ်ပါဘူး။
သူ့ရဲ့ ပတ်ပတ်လည်မှာ ဝိုင်းထားတာက ကင်မရာတွေ ဖြစ်ပါတယ်။
ကင်မရာ အလုံးပေါင်းများစွာက ရှုထောင့်ပေါင်းစုံကနေ သူ့ရဲ့ ပုံရိပ်တွေကို အသေးစိတ်မှတ်သားနိုင်အောင် ရယူနေတာပါ။
ဘာလို့လဲ ဆိုတော့ ကမ္ဘာကျော် EA Sports ကနေ ထုတ်လုပ်ထားတဲ့ UFC ဂိမ်းမှာ ကျနော်တို့ ဖိုက်တာလေးကို ထည့်သွင်းပေးတော့မှာမို့ ဖြစ်ပါတယ်။
ဒါမျိုးက UFC ခေါင်းစဉ်အောက်က ဖိုက်တာတိုင်း အခွင့်ရေး ရတာ မဟုတ်ပါဘူး။
နာမည်ကြီး ဖိုက်တာတွေတောင် ဒီ EA Sports UFC ဂိမ်းမှာ ပါဝင်ခွင့်ရချင်လွန်းလို့ ထည့်သွင်းပေးပါ ဆိုတဲ့ ပုံစံမျိုးတွေ မကြာခဏ တောင်းဆိုကြလေ့ရှိတာပါ။
#ဂျော့ရှ်အာဗန်ကတော့ အချိန်တိုလေးအတွင်းနဲ့ ပါဝင်ခွင့် ရလိုက်ပါပြီ။
ချင်းလူငယ်လေးရဲ့ လက်ရှိနေ့ရက်တွေကတော့ လုံး၀ လုံး၀ ကို အံ့မခန်းပဲဗျာ။
International Fight Week လို ကာလမှာ ကျင်းပတဲ့ PPV ပြိုင်ပွဲမှာ အဓိက တွဲဆိုင်းနေရာက ထိုးခွင့်ရတယ်။
နောက်ဆုံးထိုးတဲ့ ၅ ပွဲ ဆက်တိုက် PPV နဲ့ ကျင်းပတဲ့ ပြိုင်ပွဲကြီးတွေမှာပဲ ဆက်တိုက် ထိုးခွင့်ရတယ်။
ဒီတစ်ခါလဲ လက်စ်ဗီးဂက်စ်မှာ မရှုံးဖူးသေးတဲ့ စံချိန်ကောင်းတစ်ခုကို ဆက်ထိန်းပြလိုက်စမ်းပါ ညီငယ်ရေ....... Joshua “ The Fearless “ Van

imageimage