၁ • အရုဏ်ဦးငလျင်
[ ၁၉၉၅၊ ဇန်နဝါရီ ၁၇ ရက် မနက်စောစောတွင် ဂျပန်နိုင်ငံ၊ ကိုဘေးမြို့၌ ဖျက်အားပြင်းငလျင် (၇.၂ ရစ်ချ်စတာစကေး) ကြောင့် မြို့ပြအဆောက်အအုံများ၊ လူလုပ်ကျွန်းများ ပျက်စီးသွားမှု၊ ဒုက္ခများကြားက လူလူချင်း စာနာထောက်ထား ကယ်တင်ကြပုံ၊ တစစီ ပြိုကွဲပျက်စီးသွားသော မိသားစုများစွာ၊ ဘဝများစွာကြားမှ အစိုးရတရပ်၏ လုပ်ဆောင်ချက်၊ ရပ်တည်ပုံ၊ ပညာရှင်တို့၏ အခန်းကဏ္ဍ၊ လူမျိုးတမျိုး၏ သဘာဝဘေးအန္တရာယ်အပေါ် သင်ခန်းစာများ ]
၂ • ဟိမဝန္တာ၌ လမ်းပျောက်ခြင်း
[ နီပေါနိုင်ငံ၊ ဟိမဝန္တာတောင်ပေါ် ခြေလျင်တောင်တက်ခရီးထွက်ရင်း နှင်းမုန်တိုင်းထဲ လမ်းပျောက်ကာ ၄၂ ရက်ကြာ အစာမရှိ၊ မီးမရှိဘဲ အသက်ရှင်သန်အောင် နေထိုင်ခဲ့ရသည့် သြစတေးလျနိုင်ငံသား ဂျိမ်းနှင့် လူပျောက်လိုက်ရှာရန် နီပေါနိုင်ငံသို့ ကိုယ်တိုင်သွားရောက်ခဲ့လေသော အစ်မဖြစ်သူ ဂျိုအန်နီတို့ ပေါင်းစပ်ရေးသားသော ဇာတ်လမ်း ]
၃ • မီးတို့နှင့် သတ်ပုတ်ခြင်း
[ ဆန်ဖရန်စစ္စကို မီးသတ်ဌာနတွင် အမျိုးသမီး မီးသတ်သမားအဖြစ် ရင်ဆိုင်ခဲ့ရသော အတွေ့ အကြုံများ။ တနေ့ အမျိုးသမီးတဦး ရထားအောက် ခုန်ချသွားသည့် သတင်း လက်ခံရရှိချိန်၊ ရထားကြိတ်ခံထားရသော ခန္ဓာအစိတ်အပိုင်းများကို ကောက်ယူရလိမ့်မည်ဟု မျှော်လင့်ခဲ့မိသည်။ ထိုရထားအောက်က အမျိုးသမီးမှာ ဘာထိခိုက်မှု တစုံတရာမှ မရဘဲ လွတ်ကင်းလာစဥ် "ဘဝဆိုသည် သဘောထား သေးသိမ်ဖို့ အချိန်မရလောက်အောင် တိုတောင်းလှကြောင်း" ပြန်ပြောပြသော လောကအမြင်များ အပါအဝင် မီးသတ်သမားတို့၏ နေ့စဥ်ဘဝအကြောင်းများ ]
၄ • ပြောမထွက်ဝံ့သည့် အဖြစ်ဆိုးနှင့် မရပ်မနားသည့် မျှော်မှန်းချက်
[ ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်ရှိ ရွာလေးတရွာမှ
မွတ်ချ်တာမေလ် ဆိုသူကလေးအား သြဇာအင်အားကြီးသည့် မတ်စ်တွိုင်းမျိုးနွယ်စုမှ ယောကျ်ားလေးဦး၏ အဓမ္မကျင့်ခြင်း ခံခဲ့ရ၏။ ရှေးရိုးစဥ်လာကို ကျောခိုင်းကာ မိဘနှစ်ပါးနှင့် ကျေးရွာ ဘာသာရေးဆရာကြီးများ၏ ထောက်ခံမှုဖြင့် အရှက်ကြောင့် အသက်ဆုံးရှုံးခံခြင်းထက် တရားမျှတမှုအတွက် တရားခွင်ဝင်ခဲ့ရာ၊ ဖက်ဒရယ်ဝန်ကြီး၊ ပြည်တွင်း ပြည်ပ သတင်းဌာနများ၏ အာရုံစိုက်မှုကနေ တကမ္ဘာလုံး စိတ်ဝင်စားမှု ခံခဲ့ရသည်ထိ၊ သူ့ဒေသတွင်း လိုအပ်ချက်ကြီး ဖြစ်သည့် မိန်းကလေးများ၏ ပညာတတ်မြောက်ဖို့ ကျောင်းများ တည်ထောင်နိုင်သည်ထိ မနားတမ်း တိုက်ပွဲဝင်ခဲ့လေသူတဦး၏ ကိုယ်တွေ့ ]
၅ • ခွင့်လွှတ်ခြင်း၏ ကုစားနိုင်မှု
[ ဒုတိယကမ္ဘာစစ်အတွင်း စင်ကာပူကို ဂျပန်တို့ ဝင်သိမ်းချိန်၊ အိုင်ယာလန်နိုင်ငံသား၊ မဟာမိတ်တပ်ဒုဗိုလ် လိုမတ်စ် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရ၏။ သဘောထား ပျော့ပျောင်းပြီး အင်္ဂလိပ်စကားပြောတတ်သော ဂျပန်လူမျိုး စကားပြန်လေး နာဂဆဲတို့က လျှို့ဝှက်ရေဒီယို၊ လျှို့ဝှက်မြေပုံ ရှာတွေ့မှုဖြင့် လိုမတ်စ်ကို စစ်ဆေးကြ၏။ စစ်ကြီးအပြီး နှစ်ပေါင်းများစွာကြာ မသေဘဲ ကျန်ခဲ့သူနှစ်ဦး၏ စိတ်ဒဏ်ရာဒဏ်ချက်များ ]
၆ ▪️ ကုစားမှု ပေးသော မီး
၇ ▪️ ကျေးလက် တိရစ္ဆာန်ဆေးကုဆရာဝန်
တယောက်၏ အတွေ့အကြုံဇာတ်လမ်းများ
၈ ▪️ နောက်ဆုံးခရီးသည်
၉ ▪️ မိုးကောင်းကင်၏ အခြားတဖက်
၁၀ ▪️ ဘဝသစ်တဖန် မွေးဖွားခြင်း
၁၁ ▪️ တာဝန် ဆိုသည့် အဓိပ္ပာယ်
၁၂ ▪️ ဗိုင်းရတ်မုဆိုး
ဤဇာတ်လမ်းများကို ဖတ်ရှုရချိန်တွင် အသက်ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၊ တရားမျှတခြင်း၊ လက်စားချေခြင်းနှင့် ခွင့်လွှတ်ခြင်း၊ လွတ်မြောက်ခြင်း၊ ကြည်နူးပျော်ရွှင်ခြင်း စသည်တို့နှင့် ပတ်သက်သည့် လောကအမြင်များ၊ တွေးစရာများ ပါရှိမည် ဖြစ်သလို ငလျင်၏ အဖျက်စွမ်းအား၊ ဗိုင်းရတ်ရောဂါပိုးတို့၏ အန္တရာယ် အစရှိသည့် သုတ၊ ရသ ခံစားစရာ အကြောင်းအရာများလည်း ပါရှိပါလိမ့်မည် ။
▪️ကုစားမှုပေးသော မီး
▪️ဒေါက်တာမြင့်လွင် (စိတ်ပညာ)
