1 ပတ် - ဘာသာပြန်ပါ။

Google ရဲ့ ဒီ AI Mode ဆိုတဲ့ Search feature က မတ်လကတည်းက မိတ်ဆက်ခဲ့တာပါ။ စစချင်းက အမေရိကန်မှာပဲ သုံးလို့ရခဲ့တာ။ အခုတော့ အိန္ဒိယမှာလည်း သုံးလို့ရပြီဖြစ်ကြောင်း ကြေညာလာတာဆိုတော့ နောက်ထပ်နိုင်ငံတွေအတွက်လည်း မကြာခင်သုံးနိုင်တော့မယ့် သဘောပါပဲ။
AI Mode က စစထွက်တုန်းက ဒီမှာသုံးမရတာမို့ သိပ်လူပြောမများခဲ့ဘူးလို့ ဆိုရပါမယ်။ (ဒီမှာပါ မြန်မာမှာပါ။) အလွယ်ပြောရမယ်ဆိုရင် ChatGPT တို့ Gemini တို့လို AI chatbot ပုံစံမျိုးပါပဲ။ သူက Search engine ပုံစံဖြစ်သွားတာပေါ့။ Gemini 2.5 ပေါ်ကနေ ဖန်တီးထားတာပါ။
AI Mode မှာက ရိုးရိုး search query ထက် 2 ဆ 3 ဆအထိ ကြီးမားတဲ့မေးခွန်းတွေ (ဥပမာ - စာပိုဒ်တစ်ပိုဒ်ထက်ပိုတဲ့ စာသားအများကြီး) ကို မေးနိုင်တယ်။ အသံနဲ့လည်း မေးနိုင်တယ်လို့ ဆိုထားတယ်။ Google Lens ကိုသုံးပြီး ပုံနဲ့လည်း ရှာနိုင် မေးနိုင်တယ်။
မေးသမျှကိုလည်း 90% အထိ မှန်ကန်တဲ့ အဖြေမျိုးကို ထုတ်ပေးတဲ့အပြင် Follow up မေးခွန်းတွေ မေးနိုင်တယ်လို့ မှတ်ချက်ပေးထားကြတယ်။ သုံးလို့ရတဲ့ Region ပေါ်မူတည်ပြီး ဖြေပေးတာမို့ အိန္ဒိယ Culture နဲ့ ကိုက်ညီတဲ့ လေယူလေသိမ်းမျိုးနဲ့လည်း မေးနိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ လောလောဆယ် အင်္ဂလိပ်ဘာသာ တစ်ခုတည်း support ပေးသေးတယ်။
AI Mode ကို Android နဲ့ iOS နှစ်ခုစလုံးမှာ အသုံးပြုနိုင်ပါတယ်။ AI Mode ကို တိုက်ရိုက်အသုံးပြုချင်ရင် Google ရဲ့ search bar မှာ အသစ်ထည့်ထားတဲ့ shortcut ကို နှိပ်ပြီး သုံးရုံပါပဲ။
အကယ်၍ အခရာပရိတ်သတ်တွေထဲက AI Mode သုံးဖူးတဲ့သူတွေရှိရင် review လေးတွေ ပြောသွားပေးကြပါဦးခင်ဗျာ...

image