1 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့အဆင့်ကွင်းလယ်လူအဖြစ်ကနေ နန်းကျခဲ့တဲ့ ပေါ့ဂ်ဘာတယောက် မိုနာကိုဆီ ရောက်ခဲ့ပါပြီ။ ပွဲပယ်ခံရမှုကနေ လွတ်မြောက်ခဲ့ပြီးနောက် အသင်းသစ်ရှာနေတဲ့ ပြင်သစ်သားက ပြင်သစ်ကလပ်တသင်းနဲ့ ကစားသမားဘ၀ကို ပြန်စတင်တော့မှာပါ။

၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး အရင်လို ပေါ့ဂ်ဘာကို မြင်ရမလား ကြည့်ရမယ်။ သူ့ရဲ့ အားနည်းတဲ့ စိတ်ဓာတ်ပိုင်းအရေခွံကို ချွတ်ချနိုင်ခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ အရည်အသွေးမြင့်မားလွန်းပေမယ့် အမြင့်ဆုံးအထိ ခရီးမပေါက်ခဲ့တဲ့ ပေါ့ဂ်ဘာအတွက် ဒါက အခွင့်အရေးပါပဲ။

သူ့ရဲ့ နာမည်နဲ့ ဂုဏ်သတင်းကို ပြန်ဆယ်နိုင်ဖို့လည်း အလားအလာကောင်းနေပါပြီ။ မိုနာကိုနဲ့အတူ အကောင်းဆုံးခြေစွမ်းပြပြီး ကမ္ဘာ့အဆင့်ဆီ ပြန်နန်းတက်နိုင်မလား ကြည့်ရပါမယ်။ အရွယ်တော်တဆိတ်ဟိုင်းပြီး ပွဲအဆက်ပြတ်နေလို့ စိုးရိမ်စရာရှိပေမယ့် သူ့အရည်အသွေးကြောင့် စောင့်တော့ကြည့်ရဦးမှာပါ။

image