#နောင်ရေးစိတ်အေးရအောင်လုပ်ထားကြ......
#ဝိပဿနာရှေ့ပြေးအလုပ်မရှိသေးလို့ မဂ်ဆိုက်တဲ့အလုပ်ကို မလုပ်သေးသရွေ့ စိတ်မချရသေးဘူးလို့ ဆုံးဖြတ်ချက်ချ....
ကိုယ့်ဟာကိုယ် ငါသည် အသက်ကြီးလာပြီ ၊ သေခါနီးပြီ ၊ ရောဂါဝေဒနာထူပြီး စိတ်အေးစရာလဲ တစ်ကွက်မှမရှိသေးဘူး ၊
ဒါကို နေ့တိုင်းတွေးစမ်းပါ...
အဲဒီတော့ . . .
စိတ်အေးစရာရှိအောင် လုပ်ထားတဲ့အလုပ်ဟာ လူတိုင်းရဲ့ အလုပ်ပဲ....
လောကီနယ်ပယ်မှာတောင်မှ စိတ်အေးစရာ ရှိအောင်
လုပ်ထားရသေးတယ် ၊ ငွေကလေးပိုလာရင် စုငွေအဖြစ်နဲ့ထားတယ် ၊
စိန်ကလေးဝယ်ထားမယ် ၊ ရွှေကလေးဝယ်ထားမယ် ၊ ဒါ ဘာတုန်း... အကြောင်းမညီညွတ်တဲ့အခါ ဒီဟာ စိတ်အေးရတာပေါ့.... ။
စိတ်အေးစရာ လုပ်ထားတဲ့ အလုပ်ဟာကလဲ ဝတ္တရားအလုပ်ပါ ၊
ဒါဟာ လုပ်ကြရမှာချည်းပါပဲ....
သို့သော် လောကီမှာ စိတ်အေးစရာရှိဖို့ လိုသလို....
လောကုတ္တရာဘက်မှာ စိတ်အေးစရာရှိဖို့က ပိုပြီးအရေးကြီးတယ်....
ဒါဖြင့် အဲဒီစိတ်အေးစရာက ဘယ်လိုလုပ်ထားရမှာတုန်းဆိုတော့..... ရုပ်နာမ်ခန္ဓာဓမ္မကြည့်လိုက်လို့ ရှိရင်ဖြင့်.... ပုဂ္ဂိုလ်သတ္တဝါ မရှိဘူး ၊ ဖြစ်တာနဲ့ ပျက်တာပဲရှိတယ် ၊ ပုဂ္ဂိုလ်သတ္တဝါ ဘယ်လိုရှာရှာ မရဘူး ၊ ဘယ်သူပြောလို့မှလဲ ကိုယ့်မှာ အယုံအကြည် မရှိတော့ဘူး ၊ ကိုယ်ပိုင်ဥာဏ်နဲ့ ကိုယ်တိုင်မြင်လို့ ဥာဏ်ထဲမှာ ရဲရဲတင်းတင်း
ဆုံးဖြတ်ချက် ချနိုင်လောက်အောင် လုပ်ထားရင် စိတ်အေးရပြီလို့မှတ်
... ရှင်းပလား.... ။
#မိုးကုတ်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏
" မေ့မေ့လျော့လျော့ မနေကြပါနဲ့လို့ စေတနာ မေတ္တာထား၍ တိုက်တွန်းလိုက်ပါတယ် "
