1 w - Translate

“တစ်နေ့တစ်ခု တိုးတက်တာက မမြင်ရပေမယ့် အကျိုးရှိတယ်…”
တစ်နေ့ပြီး တစ်နေ့ သေးသေးလေးနဲ့စပြီး လုပ်တဲ့အရာတွေဟာ တစ်ချို့လူတွေအတွက် မမြင်ရနိုင်လောက်အောင် တိုးတက်မှုက သေးငယ်သွားတတ်တယ်။ ပြောင်းလဲမှုသေးသေးလေး တွေကနေစပြီး အားလုံးစုပေါင်းလိုက်မှ ပြောင်းလဲမှုအကြီးကြီး ဖြစ်ပေါ်လာတာပါ။ ဘယ်သူကမှ တစ်ရက်တည်းနဲ့ ဝုန်းဒိုင်းဆိုပြီး မပြောင်းလဲ‌နိုင်ကြဘူး။
တိုးတက်မှု တစ်ခုပဲ ဖြစ်ရင်တောင် –
တစ်ချို့က “အလုံးစုံမပြောင်းလဲဘူး” ဆိုပြီး စိတ်ဓာတ်ကျတတ်ကြတယ်။
ဒါပေမယ့်…
တစ်နေ့တစ်ခုလောက်ကိုပဲဖြစ်ဖြစ် သေချာအာရုံစိုက်ပြီး လုပ်လိုက်လို့ အောင်မြင်သွားတာ
စကားလုံးတစ်လုံး‌လောက်ပဲဖြစ်ဖြစ် ပိုမိုသိလာတာ
မနေ့က ဖြစ်မြောက်အောင် မလုပ်နိုင်ခဲ့တာကို နောက်ထပ် ကြိုးစားကြည့်တာ
ဒါတွေဟာ တိုးတက်မှု ဆိုတာကို ပြန်အဓိပ္ပါယ်ဖွင့်ပေးတယ်။
အောင်မြင်မှုဆိုတာက အမြဲတမ်း မျှဝေဖို့လိုမနေဘူး။
တစ်ခုပဲဖြစ်ဖြစ်၊ နည်းနည်းပဲဖြစ်ဖြစ်
မနေ့က သင့်ကို ဒီနေ့က သင်နဲ့ ယှဉ်လိုက်လို့ ပိုကောင်းနေတာဆိုရင် – အဲ့ဒါကအနိုင်ယူမှုပဲ။
သင့်ရဲ့ ဒီနေ့ တိုးတက်မှုက ဘာလဲ
ဒီ Content ကို ဖတ်နေတာပဲ ဖြစ်ဖြစ်၊ မနေ့ထက်
နည်းနည်း ပိုနားလည်လာနေတာပဲ ဖြစ်ဖြစ် –
ဒါက သင့်ရဲ့ တိုးတက်မှုပဲနော်။

image