#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ လျှပ်စစ်ကား ထုတ်လုပ်သည့် နီတာတရုတ်ကုမ္ပဏီ ဒေဝါလီခံ
တရုတ်နိုင်ငံအခြေစိုက် နီတာလျှပ်စစ်ကား(Neta EV) အမှတ်တံဆိပ် ထုတ်လုပ်သည့် Hozon NewEnergy Automobile ကုမ္ပဏီသည် ဒေဝါလီခံလိုက်ရပြီဖြစ်ကြောင်း CCTV သတင်းကြေညာချက်ကို ကိုးကားပြီး ဇွန် ၂၃ ရက် တွင် ရိုက်တာသတင်းဌာနက သတင်းရေးသားဖော်ပြထားသည်။
Neta EV ကားများထုတ်လုပ်သည့် Hozon New Energy Automobile သည် ဒေဝါလီခံလိုက်ပြီဟု ဇွန် ၁၉ ရက်က သတင်းထွက်ပေါ်လာပြီးနောက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Neta ကားအရောင်းဆိုင် အများအပြားပိတ်လိုက်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားခြင်းဖြစ်သည်။
NetaEV ကားများနှင့်ပတ်သက်ပြီး နောက်ဆုံးရရှိသည့် သတင်းများအရ ၎င်းတို့၏ကုမ္ပဏီလက်ကျန်ငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ၂၈၃ ဒေါ်လာသာ ကျန်ရှိတော့ကြောင်း၊ ရှန်ဟိုင်း ရုံးချုပ်ဝန်ထမ်းများအပါအဝင် ဝန်ထမ်းများအားလုံးကို လခမပေးနိုင်သည်မှာ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကတည်းပင်ဖြစ်ကြောင်း၊ဇွန် ၁၅ နောက်ပိုင်း ရှန်ဟိုင်းရုံးချုပ်အဆောက်အအုံ အပါအဝင် ရုံးချုပ်၏ Experience Centreကိုပါပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
Source; Reuters
