2 ပတ် - ဘာသာပြန်ပါ။

ခေါင်းဖြူကြီး Charles Oliveira က ရှုံးပွဲများလို့သာ Underrated ဖြစ်နေတာပါ။ ကြေးစား (၄၆) ပွဲထိုးထားတာတောင်မှ Finish Rate က (၈၉) ရာခိုင်နှုန်းဖြစ်နေတယ်။ UFC အဖွဲ့အစည်းမှာ ပြီးခြေပြီးလက်အရှိဆုံးဖိုက်တာပဲ။
Ilia Topuria က Alexander Volkanovski နဲ့ Max Holloway တို့ကို ဆက်တိုက်အလဲထိုးထားတာပါ။ Charles Oliveira ကို အလဲထိုးနိုင်ရင် Ilia Topuria က ဆရာကြီးဂိုဏ်းချုပ်ဖြစ်ပြီ။ P4P Ranking မှာ အဆင့်တက်လာလိမ့်မယ်။
အရင်ဆောင်းပါးမှာ ပြောထားသလိုပဲ ခေါင်းဖြူကြီး Charles Oliveira က အစောပိုင်းမိနစ်တွေမှာ အထိနာတတ်တယ်။ ဒါကို အခွင့်ကောင်းယူပြီး Ilia Topuria က ပထမအချီမှာတင် အလဲထိုးမယ်လို့ ကြွေးကြော်နေတာပါ။
Ilia Topuria နဲ့ Charles Oliveira တို့ အရပ်ကွာတာ ပရိသတ်တိုင်းသိတယ်။ ကျွန်တော့်အမြင်ကို ပြောရရင် အရပ်ကွာတာက Ilia Topuria အတွက် ပြဿနာမဟုတ်ဘူး။ ခေါင်းဖြူကြီး Charles Oliveira ထက် အရပ်ရှည်တဲ့ Max Holloway ကိုတောင် ဖြုတ်လာလို့ပါ။ အရပ်ကွာဟမှုပြဿနာကို Ilia Topuria ‌ဖြေရှင်းနိုင်လိမ့်မယ်။
တကယ်တိုင်ပတ်နိုင်တာက လက်တံပါပဲ။ Charles Oliveira က Ilia Topuria ထက် လက်တံ (၅) လက်မသာတယ်။ ဒီပမာဏက ကြီးမားလွန်းတယ်။ Front Kick ကန်ပြီး တားထားလိုက်ရင် Ilia Topuria က အနားကပ်လို့တောင် ရပါ့မလား။ ဒါလည်း တွေးစရာပဲ။ ခေါင်းဖြူကြီး Charles Oliveira က အမှားလုပ်လို့မရဘူး။ အရင်ပွဲချန်ပီယံပွဲတွေလို ကစားမိလို့ကတော့ အလဲထိုးခံရမှာပဲ။

image