1 w - Translate

#ပြည်တွင်းသတင်း
◼ ယနေ့အထိနောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ၁၉၃ ကြိမ်ရှိ၊ ၄၅ ဦးပျောက်ဆုံး
ပြီးခဲ့သည့်မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိငလျင်အပါအဝင် ယနေ့(ဇွန် ၂၄ ရက်) အထိနောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ၁၉၃ ကြိမ်ရှိပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
ယမန်နေ့(ဇွန်လ ၂၃ ရက်)အထိ ငလျင်ကြောင့်သေဆုံးသူ ၃၇၆၁ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦး နှင့် ပျောက်ဆုံးသူ ၄၅ ဦးရှိကြောင်း နစက၏ထုတ်ပြန်ချက်အရသိရသည်။
အင်အားပြင်းငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြးနောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အဆောက်အအုံများအတွင်းပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိအသက်ရှင်သူ ၆၅၃ ဦးရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၈၃၉ ဦး ရှာဖွေနိုင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။
ယနေ့(ဇွန် ၂၄ ရက်) နံနက် ၁၁ နာရီ ၆ မိနစ် ၅၀ စက္ကန့်တွင်လည်း မန္တလေးတိုင်း၊ မတ္တရာမြို့၏ အရှေ့- အရှေ့မြောက်ဘက်ခြောက်မိုင်ခန့်၊ အနက် ၁၅ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ခ်တာ စကေး ၃ ဒသမ ၁ အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD

image