ကမ္ဘာ့ဂန္ထဝင်စာပေ၏ ရွှေတိုက်စာရင်းဝင်
သရော်စာဝတ္ထု။ ။လောကတွင် ဖြစ်သမျှအကြောင်း
အကောင်းချည်းပဲဆိုတဲ့ အတွေးအမြင်သမားတွေကို
ရက်စက်စွာ လှောင်ပြောင် တိုက်ခိုက်လိုက်ခြင်း။
ခေတ်ကို လည်းကောင်း၊ လူတွေကို လည်းကောင်း
လှောင်ပုံ ပြောင်ပုံ ရဲရင့် ပွင့်လင်းလှသဖြင့် သူ့ခေတ်
ပြင်သစ်အာဏာပိုင်တို့က ဘားစတီးထောင် အတွင်း
နှစ်ကြိမ်တိုင် အကျဉ်းချခြင်းကို ခံခဲ့ရသော-
သူ့စာတွေက အာဏာပိုင်တွေ အမျက်တော်စူး
မည်ဟု ရိပ်စားမိလျှင် ထိုစာ သူမရေးဟု ကြေညာ
ရလေ့ရှိသော- စာရေးဆရာကြီး ဗော်လတဲယား၏
ဂန္ထဝင်မြောက် လက်ရာ။
‘အကောင်းမြင်သမား (ကင်းဒိ)သည်
ယနေ့ခေတ်ကိုလည်း ပြောနေဘိအလား– ထို့ကြောင့်
စာကောင်းရှာသမားသည် ‘ကင်းဒိ’ ကို ဖတ်လိုက်လျှင်
မြိုးမြိုးမြက်မြက် အရသာတွေ့ရမည်’ ဟု
ဟံသာဝတီသတင်းစာက ‘အကောင်းမြင်သမား’ကို
ညွှန်းသကဲ့သို့-
‘ဦးကျော်အောင် မိတ်ဆက်ပေးလိုက်သော
ကင်းဒိ ကို ဝတ္ထုတပုဒ်အနေနှင့်ပဲ ဖတ်ဖတ်
အဘိဓမ္မာစာတမ်းတစောင်အနေနဲ့ပဲ ဖတ်ဖတ်
ဖတ်ကောင်းသော စာအုပ်ဟူ၍—
ဆရာဗန်းမော်တင်အောင်ကလည်း အထူးတလည်
အညွှန်းပြုခဲ့သော - #အကောင်းမြင်သမား။
