1 w - Translate

ဝေလငါးလို ဆိုဒ်ကြီိးတယ်ဆိုတဲ့ Battery ပါတယ်ဆိုပြီး official ဝင်ရောက်လာတဲ့ HUAWEI nova Y73
Huawei nova Y73 ကိုအရောင်အနေနဲ့ Black နဲ့ Blue နှစ်ရောင်ရွေးချယ်ဝယ်ယူလို့ရမှာဖြစ်ပြီး 6620 mAh battery ကိုထည့်သွင်းပေးလာခဲ့တာဖြစ်ပါတယ်။ 40W Huawei SuperCharge Turbo နဲ့ အားပြန်သွင်းနိုင်မယ်လို့လဲသိရပါတယ်။ AI ကိုတစ်ချက်ထဲနဲ့ဖွင့်လို့ရတဲ့ X-Button လည်းပါဝင်လာပြီး Huawei ရဲ့ AI က မြန်မာလိုလည်းကောင်းမွန်စွာအလုပ်လုပ်တာ တွေ့ရပါတယ်။ Ai ရဲ့အကြိုက်ဆုံးအချက်ဖြစ်ခဲ့တာက နာမည်ကြီး Celebrity ဒါမှမဟုတ် ရုပ်ရှင်၊ ကာတွန်းဇာတ်ကောင်တွေ ကိုရွေးချယ်ပြီး ဒီဇာတ်ကောင်တွေနဲ့ တိုက်ရိုက်စကားပြောလို့ရတဲ့ function ပါဝင်လာပါတယ်။ Google Application တွေကိုလည်း Huawei App Gallery ကနေ တိုက်ရိုက် download ပြုလုပ်ပြီး အသုံးပြုနေနိုင်ပြီလို့သိရပါတယ်။
✨ HUAWEI nova Y73

image