Jaws ဒါရိုက်တာ Steven Spielberg ရဲ့သမီးက ဒါရိုက်တာအဖြစ် ပွဲဦးထွက်တဲ့ သရဲကားအသစ်
Destry Allyn Spielberg ရဲ့ ပထမဦးဆုံး လက်ရာ Please Don’t Feed the Children ရဲ့ ပထမဆုံး Trailer ထွက်လာပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဇွန်ဘီသရဲကားနဲ့ Hansel and Gretel ပုံပြင်ကို ရောထားသလို ကြောက်စရာကောင်းတဲ့ ပုံစံမျိုးဖြစ်နေတာမျိုးတွေ့ရပါတယ်။
Trailer ထဲမှာတော့ ဆယ်ကျော်သက်တစ်စုဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် “မိဘတွေ၊ ဆရာတွေ၊ မိသားစုတွေ အကုန်သေဆုံးသွားပြီဖြစ်တဲ့” ကမ္ဘာပျက်ကြီးထဲမှာ လှည့်လည်သွားလာနေတဲ့ ပုံစံနဲ့ စထားပါတယ်။ ဒီဗိုင်းရပ်စ်က လူကြီးတွေကိုပဲ ထိခိုက်တာဖြစ်ပြီး၊ အသက်ရှင်ကျန်နေတဲ့ လူကြီးတွေက ဒီဗိုင်းရပ်စ်အတွက် ကလေးတွေကို အပြစ်တင်ကြပါတယ်။
နောက်တော့ ဆယ်ကျော်သက်တစ်ယောက် ဒဏ်ရာရသွားတဲ့အခါ သူတို့အဖွဲ့မှာ ထူးဆန်းတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အိမ်မှာ ခိုလှုံဖို့ကလွဲလို့ နည်းလမ်းမရှိတော့ဘူး။ အဲ့ဒီနောက်ဘာတွေဖြစ်သွားမလဲ။
ဒီထူးဆန်းတဲဲ့ အမျိုးသမီးက သူတို့ ဆယ်ကျော်သက်တွေကို Hansel and Gretel ပုံပြင်ထဲကလို မုန့်တွေကျွေးပြီး စုန်းမကြီးလို စားလိုက်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
Destry Allyn Spielberg က ဒီလိုသရဲကားကို သူ့ရဲ့ပထမဆုံး ရုပ်ရှင်အဖြစ် ရွေးချယ်ခဲ့တာက စိတ်ဝင်စားစရာပါပဲ။ ဘာလို့ဆို သူက ဒါရိုက်တာကြီး Steven Spielberg ရဲ့ သမီးဖြစ်နေပြီး၊ သူ့အဖေက Jaws ကလွဲလို့ သရဲကားတွေသိပ်မရိုက်တဲ့သူလည်းဖြစ်လို့ပါပဲ။
ဆိုတော့ ဒီဇာတ်ကားက စိတ်ဝင်စားဖို့ကောင်းပြီး ကမ္ဘာပျက်တဲ့ပုံစံံမျိုးတွေလုပ်ထားတာကနေ လူငယ်တွေ Survive လုပ်ရမယ့်ပုံစံမျိုးဆိုတော့ ကြည့်လို့ကောင်းမှာပါပဲ။
Please Don’t Feed the Children ကိုတော့ Tubi မှာ ဇွန်လ ၂၇ ရက်နေ့စတင်ပြသသွားမှာဖြစ်ပါတယ်။

image