#နိုင်ငံတကာသတင်း
◼ အီရန်၌ ပိတ်မိနေသောနိုင်ငံသားများ အချိန်ကြာ ခိုလှုံနေထိုင်ရေး ပြင်ဆင်ထားသင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန သတိပေး
အီရန်မှ မထွက်ခွာနိုင်သေးသော အမေရိကန်နိုင်ငံသားများအနေဖြင့်အချိန်ကြာ ခိုလှုံနေထိုင်ရေး အသင့်ပြင် ထားသင့်ကြောင်းနှင့် တိုက်ရိုက်ထွက်ခွာနိုင်ရေးအတွက်အစိုးရ၏ အကူအညီကို မမျှော်လင့် ထားကြရန် အမေရိကန် နိုင်ငံ ခြားရေးဌာနက သတိပေးထားသည်။
အမေရိကန်သည် အီရန်၌ သံတမန်ရေးအရ ရပ်တည်ရှိမှု မရှိဘဲအီရန်ရှိ အမေရိကန် နိုင်ငံသားများကို ကူညီပေး သည့် ဆွစ်ဇာလန်သည်လည်း ၎င်း၏ အ ကာအကွယ်ပေးရေးရုံးကို နောက်ထပ် အသိပေးချက် မထုတ်မချင်း ပိတ်ထား သည်။
အီရန်၌ရှိသည့် အမေရိကန် နိုင်ငံသားများအတွက် ကောင်စစ်အကူအညီနှင့်ပတ်သက်သည့် အချက်အလက်များ ပေးပို့နိုင်ရန် ဌာနက အကျပ်အတည်းဆိုင်ရာစာရင်းသွင်းမှုကို ဖွင့်ထားသော်လည်းအီရန်နိုင်ငံရှိ ကောင်စစ် ဝန်ပံ့ ပိုးမှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် အမေရိကန်အစိုးရ၏ တိုက်ရိုက်အကူအညီဖြင့် အီရန်မှ ထွက်ခွာမှုကို မျှော်လင့်နိုင်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဌာန၏တနင်္ဂနွေနေ့အသိပေးချက်တွင် ဖော်ပြထားသည်။
အမေရိကန်-အီရန်နှစ်နိုင်ငံသားခံယူထားသူများသည်အီရန်နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာရမည်ဖြစ်ပြီး အီရန်မှ မထွက်ခွာမီ စစ်ဆေးရေးဂိတ်များနှင့် အာ ဏာပိုင်များထံမှစစ်ဆေးမေးမြန်းမှုများအတွက် ပြင်ဆင်ထားသင့် ကြောင်းလည်းအမေရိကန်နိုင်ငံခြားရေးဌာနက အကြံပြုထားသည်။
အီရန်အစိုးရက နိုင်ငံသားနှစ်မျိုးကို အသိအမှတ်မပြုဘဲနှစ်နိုင်ငံသားခံယူထားသူများကို အီရန်နို င်ငံသား များအဖြစ်သာ ဆက်ဆံလိမ့်မည်ဟု လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။
အစ္စရေးနှင့်ပဋိပက္ခများ အရှိန်မြင့်လာခြင်းကြောင့်အမေရိကန်နိုင်ငံသားရာပေါင်းများစွာ အီရန်မှ ထွက်ပြေးနေ ကြကြောင်း CNN သတင်းဌာနက ပြီးခဲ့သည့်သောကြာနေ့တွင် ဖော်ပြခဲ့သည်။
လက်ရှိ၌အမေရိကန်ကအီရန်နျူကလီးယားအဆောက်အဉီများအားယမန်နေ့တွင်တိုက်ခိုက်ခဲ့ခြင်းကြောင့်အီရန်၌ပိတ်မိနေသောအမေရိကန်နိုင်ငံသားများအပေါခြိမ်းခြောက်မှုများပိုမိုကြီးထွားလာခဲ့သည်။
ပုံစာ- အီရန်မှထွက်ခွာနေမှုကြောင့်တီဟီရန်မြို့တော်လမ်းမများတွင်ယာဉ် ကြောများပိတ်ဆို့နေသည်ကိုဇွန် ၁၅ ရက်ကတွေ့ရစဉ်၊
သတင်း-လင်းခေတ်
ကိုးကား- CNN

image