အိုလီဗဲရား ကျောချမ်းသွားအောင်ကို လေတိုက်ပစ်လိုက်တဲ့ #တိုပူရီးယား
**********
"ချားစ် အိုလီဗဲရား က ပရော်ဖက်ရှင်နယ် ထိုးပွဲ အရေတွက်မှာ ကျနော့်ထက် အများကြီး ပိုများပါတယ် ဒါပေမယ့် ဒီအချက်က သူ့အတွက် အထောက်ပံ့ဖြစ်မယ် မထင်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်က MMA မျိုးဆက်သစ်ကို ကိုယ်စားပြုတဲ့သူလေ။
ဒီကစားနည်းမှာ ကျနော် ထပ်ပြီးယူဆောင်လာတဲ့ Skills တွေက လုံး၀ထူးခြားပါတယ်။
ဘိုကာနော့ဗ်စကီး ၊ မက်ဇ် ဟော်လိုဝေးတို့ဆိုရင် ကျနော့် စကားတွေက အရူးချီးပန်း လျှောက်ပြောနေတယ်တောင် ထင်ခဲ့ကြတာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ အမှန်တရားတွေပဲ ပြောခဲ့တယ် ဆိုတာ သူတို့ သဘောပေါက်သွားခဲ့ပါတယ်။
ကျနော့် ရဲ့ ရှေ့မှာ ဘယ်လိုပြိုင်ဘက်မျိုးပဲ ရှိနေပါစေ ပြသနာ မရှိပါဘူး။ ချားစ် အိုလီဗဲရား က ကျနော့်ထက် ပိုသာနေတဲ့ အချက် တစ်ခုမှ မရှိပါဘူး။
ကျနော်က အရမ်းကို ပြီးပြည့်စုံတဲ့ ဖိုက်တာပါ။ ပုံစံမျိုးစုံနဲ့ ထိုးပြနိုင်လို့ ၊ ဘယ်လို အခင်းကျင်းမျိုးမှာပဲဖြစ်ဖြစ် အသက်ရှုချောင်မှာ မဟုတ်ပါဘူး။ တစ်ပွဲလုံးကို စိုးမိုးပြပါမယ်။
ကျနော် က ပြိုင်ဘက်ရဲ့ ကစားပုံကိုကြည့်ပြီး လိုက်ကစားတဲ့သူ မဟုတ်ပါဘူး။ သူတို့က ကိုယ့်ကစားဟန်ကြည့်ပြီးပဲ လိုက်ကစားအောင် လုပ်တဲ့သူပါ။ ဒါကြောင့် ရှုံးပွဲမရှိ ချန်ပီယံ အဖြစ်နဲ့ကို ရပ်တည်ပြနေတာလေ။ သူ့မှာ အဲဒီလို မှတ်တမ်းမျိုး မရှိတော့ပါဘူး။
သူ့ရဲ့ ရှုံးပွဲက ၁၀ ပွဲကြီးများတောင်ရှိတယ် ၊ ကျနော့်မှာက အခုထိ ဘဲဥဖြစ်နေတုန်းပါပဲ။
သူ့ကို လေးစားမှု အပြည့်ရှိပါတယ် ၊ ဒါပေမယ့် အမှန်ကန်ကြိတ်ပြသွားမှာပါ။ ကျနော် ဘယ်လိုပုံစံမျိုးတွေ လုပ်မှာလဲ ဆိုတာ ပရိသတ်တွေလဲ သိပါတယ်။
ပထမချီနဲ့ကို ပွဲသိမ်းပြမှာပါ။"
တိုပူရီးယား
