2 w - Translate

ဘောနပ်ဆု ထိုက်ထိုက်တန်တန်ချီးမြင့်မယ်လို့ ကြေငြာလိုက်တဲ့ ဒေနာ၀ှိုက်
--------------
မနေ့ည ကာနယ်လို နဲ့ ကရောဖို့ဒ် တို့ဟာ မီဒီယာတွေ ၊ ပရိသတ်တွေ ရှေ့မှောက်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို ဆော်ဒီသူဌေးကြီး တာကီ အလာဆိခ် ကိုယ်တိုင် တက်ရောက်သလို ၊ UFC ရဲ့ ပဲ့ကိုင်မောင်းနှင်သူကြီး ဒေနာ၀ှိုက်လဲ တက်ရောက်ခဲ့ပါတယ်။
ကာနယ်လို က အသက် ၃၄ နှစ် ၊ စုစုပေါင်း ၆၅ ပွဲ ထိုးထား ၊ ၆၃ ပွဲ နိုင် ၊ ၂ ပွဲ သရေ ၊ ၂ ပွဲ ရှုံး ၊ ၃၉ ပွဲ အလဲထိုးပြထားသူပါ။ ဒီပွဲမှာ သူပိုင်ဆိုင်ထားတဲ့ Ring, IBF, WBA, WBC and WBO စူပါ မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ်တွေကို တင်ပြီး ထိုးမှာ ဖြစ်ပါတယ်။
ကရောဖို့ဒ် ကတော့ ဝိတ်တန်းတက်ကာ ချန်ပီယံ ခါးပတ်တွေကို စိန်ခေါ်မယ့်သူပါ။ အသက် က ၃၇ နှစ် ၊ စုစုပေါင်း ၄၁ ပွဲ ထိုးထား ၊ ရှုံးပွဲ လုံး၀ မရှိ ၊ ပွဲစဉ် အကုန်လုံးကို နိုင် ၊ ၃၁ ပွဲက အလဲထိုး မှတ်တမ်းတွေနဲ့ ဖြစ်ပါတယ်။
ဒေနာ၀ှိုက် ကတော့ ဒီပွဲဟာ Boxing ပွဲ ဖြစ်နေသည့်တိုင်အောင် သူ့ရဲ့ UFC ပွဲစဉ်တွေလိုပဲ ဘောနပ်ဆု ချီးမြှင့်မယ့် အစီစဉ်ရှိတယ်လို့ ဆိုလိုက်ပါတယ်။ ချီးမြှင့်မယ့် ဘောနပ်ကလဲ ကိန်းဂဏန်း ၆ လုံးထိရှိတယ်လို့ အစပျိုးသွားပါတယ်။
ပမာဏ အတိကျ မပြောသေးပေမယ့် သူ့စကားနဲ့တင် ဘောနပ်ဆုက ဒေါ်လာ သိန်းဂဏန်း တန်ဖိုးရှိမယ်ဆိုတာ သိသာနေပါပြီ။
ဒီမက်လုံးက ဖိုက်တာတွေရဲ့ စွမ်းဆောင်ရည်ပေါ် ဘယ်လောက်ထိ လွှမ်းမိုးမှု ရှိမလဲ ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၃ ရက် ၊ လက်စ်ဗီးဂက်စ် က Allegiant Stadium မှာ ကျင်းပမှာ ဖြစ်ပြီး တစ်ကမ္ဘာလုံးကို Netflix ကနေ ထုတ်လွှင့် ပြသပေးသွားမှာပါ။

image