2 ပတ် - ဘာသာပြန်ပါ။

ဘွဲ့ယူတဲ့နေ့မှာ Final Project ကို ChatGPT နဲ့ရေးခဲ့ကြောင်း Laptop ဖွင့်ကြွားခဲ့တဲ့ ကျောင်းသား
အမေရိကန်က နာမည်ကြီး UCLA တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်မှာ ကျောင်းသားတစ်ယောက်က သူ့ရဲ့ Final Project ကို ChatGPT သုံးပြီး ရေးခဲ့ကြောင်း Laptop နဲ့ ပြသခဲ့တာကြောင့် အွန်လိုင်းမှာ အတော်လေး ဂယက်ရိုက်သွားပါတယ်။
သူက ဘွဲ့ယူဖို့ စင်ပေါ်တက်ခါနီးမှာ ကင်မရာဘက်ကို Laptop လှည့်ပြီး ChatGPT နဲ့ ရေးထားတဲ့စာတွေကို ပြခဲ့တာပါ။ ဒီမြင်ကွင်းကြောင့် တချို့က သူ့ရဲ့ ရိုးသားမှုကို သဘောကျပြီး အားပေးခဲ့ကြပေမယ့် တချို့ကတော့ ပညာရေးရဲ့ ဂုဏ်သိက္ခာကို မေးခွန်းထုတ်စရာပဲလို့ ဝေဖန်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီကျောင်းသားက သူ့ဘက်က စည်းကမ်းမဖောက်ခဲ့ဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ Final Project မှာ AI Tools တွေကို သုံးခွင့်ပြုထားတယ်လို့ ပါမောက္ခတွေက ခွင့်ပြုထားပြီးသားဖြစ်တယ်လို့ သူက ပြန်လည်ရှင်းပြခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အင်တာနက်သုံးစွဲသူတွေကြားမှာ အမြင်နှစ်မျိုးကွဲနေပါတယ်။
တစ်ဖက်ကတော့ သူ့ရဲ့ ရိုးသားမှုကို ချီးကျူးပြီး ဒါက နောင်အနာဂတ်မှာ AI ကို ဘယ်လိုအသုံးချမလဲဆိုတဲ့ သင်ခန်းစာတစ်ခုပဲလို့ ဆိုကြပါတယ်။
နောက်တစ်ဖက်ကတော့ “ဒီလိုဆို ဘွဲ့ကို ကွန်ပျူတာကိုပဲ ပေးလိုက်ပါတော့လား”၊ “သူ့ဘွဲ့ကို ပြန်ရုပ်သိမ်းသင့်တယ်” ဆိုပြီး ပညာရေးရဲ့ တန်ဖိုးနဲ့ ကျောင်းသားတစ်ယောက်ရဲ့ ကြိုးစားမှုကို မေးခွန်းထုတ်နေကြပါတယ်။
AI နည်းပညာတွေခေတ်စားလာတဲ့ ဒီနေ့ခေတ်မှာ ပညာရေးစနစ်ထဲမှာ AI ကို ဘယ်အတိုင်းအတာအထိ လက်ခံသင့်တယ်လို့ ထင်ပါသလဲ? ဒီကျောင်းသားရဲ့ လုပ်ရပ်က မှန်သလား၊ မှားသလား? Comment မှာ ကိုယ့်အမြင်လေးတွေ မျှဝေပေးခဲ့ပါဦး။

image