ကိုယ်က သူတစ်ပါးကို အကောင်းဆုံးဆိုတာတွေ
လုပ်ပေးခဲ့ရင် ကိုယ်ကလဲ အကောင်းဆုံးဆိုတာတွေ
ပြန်ရလိမ့်မယ် ။ ဒီယုံကြည်ချက်ကို အခုထိ စွဲကိုင်ထားတုန်းပဲ ။
ကိုယ်က သူတစ်ပါးကို အကောင်းဆုံး ဆိုတာတွေ လုပ်ပေးခဲ့တာတောင် ကိုယ့်ကို ကလိမ်ကျသွားမယ် ၊ အသုံးချသွားမယ် ၊ အကောင်းမပြောခံရဘူး စသဖြင့် ဒုက္ခတွေ အများကြီး အများကြီး ကြုံရလိမ့်မယ် ။ လူတွေက မကောင်းဘူး။
စိတ်ပျက်စရာ နေ့ရက်တွေ ကျော်ဖြတ်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်ပါ ။ လောကကြီးက မင်းကို ပစ်မထားပါဘူး ။ တစ်နေ့ မင်းကို အကောင်းဆုံးဆိုတာတွေ ပြန်ပေးလာလိမ့်မယ်။
ဒီလိုပြောလို့လဲ အထင်မကြီးသွားနဲ့ ။ ကျနော် လူကောင်း မဟုတ်ဘူးဗျ ။ ကျနော်လဲ ကောင်းကောင်း ဒုက္ခပေးခဲ့တာပဲလေ ၊ ထားပါတော့ ။ ဒီယုံကြည်ချက်ကို နားလည်သွားတဲ့အခါ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတော့တာပဲ ။ တဖြေးဖြေးနဲ့ လူကောင်းတယောက် ဖြစ်လာတယ် ။ ကိုယ် လိုချင်တာတွေ ရလာတယ် ။
ဘယ်နေ့လဲ ၊ ဘယ်တော့ပေးမှာလဲဆိုတာက ဒီလောကကြီးရဲ့ လျှို့ဝှက်ချက်ပဲ ။ ဘယ်သူမှ ကြိုမသိနိုင်ဘူး ။ လုံးဝ မရှိဘူးတော့ မဟုတ်ဘူး ။ လောကကြီးရဲ့ လျှို့ဝှက်ချက်ကို ကြိုသိနိုင်တဲ့ သူတွေကလဲ မင်းကို ပြောပြမှာ မဟုတ်ဘူး ။ ဒါပေမယ့် လောကကြီးရဲ့ လျှို့ဝှက်ချက်ကို ကြိုသိနိုင်အောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိတယ်ဗျ ။
" နေ့တိုင်း ၊ ကိုယ်က သူတစ်ပါးကို အကောင်းဆုံးဆိုတာတွေ လုပ်ပေးလိုက်ပါ "
#မင်းသုအောင်

image