7 ပတ် - ဘာသာပြန်ပါ။

Xring O1 chip သစ်သုံး Xiaomi 15s Pro ထွက်ရှိ
Xiaomi ၁၅ နှစ်ပြည့်မှာ Xiaomi 15S Pro နဲ့ Xiaomi Civi 5 Pro ဖုန်းသစ်တွေ ထွက်လာပါတယ်။
Xiami 15S Pro ကတော့ ထူးပါတယ်။ ဒီဖုန်းက 15 series ရဲ့ Special Edition ဖြစ်သလို Xiaomi ရဲ့ ကိုယ်ပိုင်နည်းပညာ flagship SoC သစ်ကို ပထမဆုံး သုံးလာလို့ပါ။
Xring O1 ဆိုတာက သတင်းတွေ ထွက်ခဲ့တဲ့အတိုင်း TSMC 3nm process နဲ့ တည်ဆောက်ထားပြီး transistor ၁၉ ဘီလျံ ပါတဲ့ chip ဖြစ်ပါတယ်။ 3.9GHz X925 performance cores နှစ်ခုပါ 10-core CPU နဲ့ လာပြီး GPU က 16-core IMmortalis-G925 သုံးပါတယ်။
အပူထိန်းဖို့ အငွေ့-အရည်ခွဲစနစ်တစ်ခု နဲ့ 4053mm ပတ်လည် အပူစုပ်ဧရိယာတို့ပါ တောင်ပံပုံ cold pump cooling system ပါပါတယ်။ ကင်မရာအတွက် သုံးထားတဲ့ imaging processor ကလည်း Xring O1 ISP V4 လို့ ဆိုပါတယ်။ ဒီ processor က တစ်စက္ကန့် pixel ၇.၇ ဘီလျံအထိ processing လုပ်နိုင်စွမ်းရှိပါတယ်။
15S Pro က Xiaomi 15 ဒီဇိုင်းကို refine လုပ်ထားတဲ့ ဒီဇိုင်းပဲ ဖြစ်ပြီး screen size ၆.၇၃ လက်မ OLED quad cureved (3200 x 144 ရုပ်ထွက်နဲ့ လာပါတယ်။ panel ကို TCL Huaxing ထုတ် M9 material သုံးထားပြီး 1-120Hz LTPO refresh rate ပေးထားပါတယ်။
Leica Summilux lens ပါ ကင်မရာတွေဖြစ်တဲ့ 50MP (1/1.31" Light Fusion 900 unit , Hyper OIS) ၊ 50MP Ultrawide နဲ့ 5x periscope/10x lossless zoom သုံး 50MP telephoto ကင်မရာတွေကို ကျောဘက်မှာ တပ်ထားပါတယ်။ ဒီကင်မရာတွေက 8K video record အထိ support ပေးပါတယ်။
ရှေ့ဘက်မှာ OmniVision OV32640 sensor ပါ 32MP selfie ကင်မရာနဲ့ လာပါတယ်။ 850Wh/L သိပ်သည်းဆမြင့် 6100mAh ဘက်ထရီ နဲ့အတူ 90W wired charging ၊ 50W wireless နဲ့ magnetic wireless charging တွေလည်း ပါပါတယ်။
Ultrasoinc indisplay လက်ဗွေနည်းပညာ ၊ IP68 rating ၊ WiFi 7 , Ultra-wideband (UW support နဲ့ စတီရီယိုစပီကာတွေလာတဲ့ Xiaomi 15S Pro ကို ဖိုက်ဘာဗားရှင်းနဲ့ Far Sky Blue ရောင်တွေနဲ့ ထွက်ပါတယ်။
တရုတ်မှာ 16GB+512GB ဗားရှင်းကို ၅၄၉၉ ယွမ် (၇၆၃ ဒေါ်လာ) နဲ့ 16GB+ 1TB ဗားရှင်းကို ၅၉၉၉ ယွမ် (၈၃၂ ဒေါ်လာ) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။

image