Xiaomi ရဲ့ XRING O1 Chip သုံးလာမယ့် Device အသစ်တွေ 👀
.
Xiaomi ကနေ လာမယ့် မေလ (၂၂) ရက်နေ့မှာ ကိုယ်ပိုင် 3nm Chip အသစ်ဖြစ်တဲ့ XRING O1 Chip ကို မိတ်ဆက်တော့မှာပါ။ အခုဆို မမိတ်ဆက်ခင်မှာ XRING O1 Chip ကို ပထမဆုံးသုံးလာမယ့် Device (၂) ခုကိုပါ ကြေညာလိုက်ပါပြီ...။
ဒါက သတင်းထွက်ထားသလို Xiaomi 15S Pro အပြင် Xiaomi Pad 7 Ultra တွေမှာ XRING O1 Chip ကို အသုံးပြုထားမှာဖြစ်ပါတယ်။
ပုံတွေအရ Xiaomi 15S Pro ဖုန်းက Leica Camera Setup ပါဝင်လာမှာဖြစ်သလို Xiaomi Pad 7 Ultra ဟာလည်း ဘေးဘောင်တွေပါးလွှာပြီး Selfie Camera နေရာမှာ Notch Design သုံးပေးထားတာကိုတွေ့ရပါတယ်။ Screen Size လည်း အနည်းဆုံး 12.4" လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။
ဘာပဲဖြစ်ဖြစ် XRING O1 Chip က နောက်ဆုံးသတင်းတွေအရ Snapdragon 8 Elite နဲ့တောင် စွမ်းဆောင်ရည်ယှဥ်နိုင်နေတော့ ဒီ Xiaomi 15S Pro နဲ့ Xiaomi Pad 7 Ultra တွေက ဘယ်လောက်ကောင်းမလဲ စောင့်ကြည့်ရတော့မယ်... 👀
