#နိုင်ငံတကာသတင်း
◼ဂါဇာတွင်စစ်ဆင်ရေးအလွန်အကျွံဆက်လုပ်ပါကအစ္စရေးအား အရေးယူမည်ဟု ဗြိတိန် ၊ပြင်သစ် နှင့် ကနေဒါ ခြိမ်းခြောက်
ဂါဇာတွင် လွန်ကဲသော စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေပါက ၎င်းတို့အနေဖြင့် တိကျခိုင်မာသော အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗြိတိန် ၊ပြင်သစ် နှင့် ကနေဒါတို့က အစ္စရေးအား သတိပေးပြောကြားလိုက်သည်။
အစ္စရေးက ဂါဇာမှ စစ်ဆင်ရေးများကိုရပ်တန့်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ချက်ခြင်းဝင်ရောက်ခွင့်ပေးရန် ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာက ပြင်သစ် ၊ ကနေဒါခေါင်းဆောင်များနှင့်တူ အစ္စရေးအစိုးရအား တိုက်တွန်းလိုက်ကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။
ဂါဇာဒေသသို့ မတ် ၂ ရက်ကစ၍ မည်သည့်အစားအသောက် ၊ ဆေးဝါး နှင့် လောင်စာကိုမျှ အစ္စရေးက ဝင် ရောက်ခွင့်မပေးခဲ့ဘဲ ယင်းအခြေအနေကြောင့် ပါလက်စတိုင်းပြည်သူလူထု အကြီး အကျယ် ဒုက္ခ ရောက်နေကြောင်း ကုလသမဂ္ဂက ပြောကြားသည်။
သီတင်း ၁၁ ပတ် ကြာ ပိတ်ဆို့ထားခဲ့ပြီးနောက် ဂါဇာသို့ အခြေခံစားသောက်ကုန်များကို အကန့်အသတ်နှင့် ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း နှင့် ဂါဇာဒေသကို ထိန်းချုပ်သွားရန် အစ္စရေးက စီစဉ်ထားကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က တနင်္ဂနွေနေ့တွင် ပြောကြားသည်။
ယင်းမှာ လုံးဝ လုံလောက်မှုမရှိကြောင်း အနောက်တိုင်းခေါင်းဆောင်သုံးဦး က ပြောကြားကြပြီး အရပ် သား လူထုအတွက် မရှိမဖြစ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ငြင်းပယ်ခြင်းမှာ လက် ခံနိုင် ဖွယ် ရာမရှိကြောင်း နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ ချိုးဖောက်မှု အန္တရာယ်ရှိကြောင်း ပြောကြားကြသည်။
ဂါဇာမှပြည်သူလူထု အငတ်ငတ်အပြတ်ပြတ်နှင့် ဒုက္ခတွေ့နေကြသော အ ခြေအနေမှာ သည်းခံနို င်ဖွယ် ရာမရှိကြောင်းလည်း ၎င်းတို့က ပြောကြာကြသည်။
ယင်းကို တုံ့ပြန်ရာတွင် ခေါင်းဆောင်သုံးဦးသည် ဂါဇာစစ်ပွဲတွင် ဟားမားစ်တို့အတွက် ကြီးမားသောဆု တစ်ခု ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း နေတန်ယာဟု က ပြောကြားသည်။
အရပ်သားများအား စတင်၍နေရာပြောင်းရွှေ့မည်ဟု အစ္စရေးအစိုးရ ပြောကြားမှုကိုလည်း အနောက်တိုင်း ခေါင်းဆောင်များက ရှုတ်ချကြပြီး ယင်းသို့ အရပ်သားများကို အတင်းအကျပ်နှင့် အပြီးတိုင်ရွှေ့ပြောင်းပစ်ခြင်းသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်မှုဖြစ်ကြောင်း ပြောကြားကြသည်။
ထိုအတောအတွင်းမှာပင် ဂါဇာဒေသထဲသို့ ဝင်ရောက်ခွင့်ပြုသော ထရပ်ကား အရေအတွက်မှာ သမုဒ္ဒရာထဲသို့ ရေစက်တစ်စက်ခန့်ချပေးလိုက်ခြင်းနှင့်တူကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုအကူအညီ အ ကြီး အကဲ တွမ်ဖလက်ချာက ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-BBC
