Chicken Bar အချောင်းလေးတွေကို အတွင်းသားနူးအိအိလေးနဲ့ အပေါ်ရေကြွပ်ကြွပ် အရောင်စိုစိုလေးရဖို့ ဘယ်လိုကြော်ကြမလဲ 👩‍🍳
အရင်ဆုံး ကြက်တောင်ပံတွေကို ဆေးကြောသန့်စင်ပြီး ဆားရေစိမ်ထားလိုက်ပါတယ်။
၁နာရီလောက်အကြာမှာ ကြက်တောင်ပံတွေကို ရေထဲက ဆယ်ယူပြီး ဟင်းခတ်မှုန့်၊ ဆား၊ ငရုတ်ကောင်း၊ငါးငံပြာရည် ထည့်နယ်ပြီး ၁နာရီလောက် နှပ်ထားပါတယ်။
နှပ်ထားပြီးတာနဲ့ ဆီကို အရမ်းပူအောင် အပူပေးပြီး ကြက်သားကို ထည့်ကြော်ပါတယ်။ ကြက်သားထည့်ပြီးတာနဲ့ မီးအပူကိုသင့်သင့်ပဲထားပါတယ်။
ကြက်တောင်ပံအောက်ဘက် အရေ ခွံ ကြွပ်ကြွပ် အတွင်းသာနူးအိအိလေးဖြစ်လာသည်အထိ ထားပြီး အထက်အောက်လှန်ပါတယ်။ ၂ဖက်လုံးကြွပ်ကြွပ်ရဲရဲလေးဖြစ်လာပြီဆိုတာနဲ့ ကြက်တောင်ပံဆယ်ယူပြီး ချဉ်ရည်ဖျော် တို့စားလိုက်ရင် ရှယ်ပါပဲနော်🤗

image