ကျွန်တော်တို့ဟာ
အနုပညာရှင်တစ်ယောက်ကို
သူသေဆုံးပြီးမှသာ
ပိုမိုနားလည်ခဲ့ကြတယ်။
မြို့မငြိမ်းရဲ့ နောက်ဆုံးရေးစပ်ခဲ့တဲ့
သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့
❛ တိမ်လွှာမို့မိုလွင် ❜ မှာ မြို့မငြိမ်းရဲ့
ညှိုးငယ်ဝမ်းနည်းမှုကိုတွေ့ရတယ်။
သူ့ဘဝအပေါ်ကို တဖြည်းဖြည်း
အုံ့ဆိုင်းလာတဲ့ မပျော်ရွှင်မှုကိုတွေ့ရတယ်။
မြို့မငြိမ်းဟာ
အနုပညာရဲ့ဒဏ်ကို မခံနိုင်ခဲ့ဘူး။
ဘာဖြစ်လို့လဲဆိုတော့
သူမျှော်မှန်းခဲ့တဲ့
အနုပညာဟာ အင်မတန်မှ လှပတဲ့၊
လျှို့ဝှက်နက်နဲတဲ့၊ ဒြပ်မဲ့တဲ့၊
ကြီးကြယ်မြင့်မြတ်တဲ့
အနုပညာ ဖြစ်လို့ပဲ။ မြို့မငြိမ်းရဲ့
အနုပညာအတွက်စတေးမှုဟာ
အပေါစားအနုပညာရှင်တွေကို
တုန်လှုပ်စေခဲ့တယ်။ မြို့မငြိမ်းဟာ
အနုပညာလောကအတွက်
လေးနက်မှုကို အမွေအဖြစ်
ထားရစ်ခဲ့တယ်။
- - အောင်ခင်မြင့် - -
• တိမ်လွှာမို့မို့လွင်မှသည်
ပိုစ့်မော်ဒန်အနုပညာဆီသို့ •
