1996 ကနေစတင်ခဲ့ပြီး Novel ခုနှစ်နဲ့ အတူ စာရေးဆရာကြီး George R R Martin ရဲ့ The Song of Ice and Fire ဟာ ယနေ့ထိတိုင်အပြီးသတ်ခြင်းမရှိသေးပါဘူး ။ Novel ကိုအခြေခံပြီးရိုက်တဲ့ Game of Thrones Series ကိုတောင် Showrunners တွေကပဲဇာတ်သိမ်းကို ကိုယ်တိုင်ရေးပြီးအဆုံးသတ်ပေးလိုက်ပြီပဲဖြစ်ပါတယ် ။ The Song of Ice and Fire ဟာ အဆုံးသတ်ဖို့ The Winds of Winter နဲ့ The Dream of Spring ဆိုပြီး novel နှစ်ခုကျန်ပါသေးတယ် ။
အခုထိမပြီးဆုံးနိုင်သေးတဲ့ Geroge R.R Martin ရဲ့ The Song of Ice and Fire ကို independent developer တစ်ယောက်ဖြစ်တဲ့ Liam Swayne က အဆုံးသတ်စာအုပ်နှစ်အုပ်ဖြစ်တဲ့ The Winds of Winter နဲ့ The Dream of Spring ကို Chatgpt နဲ့ အဆုံးသတ်ပေးလိုက်ပါတယ် ။
ဒီဘဲ Chatgpt ကိုဘယ်လိုခိုင်းလဲ ဆိုတော့ အရင်ဆုံး The Winds of Winter ရဲ့ First Chapter outlines တွေအတွက် developer ရဲ့အကြောင်းအရာအတွေးတစ်ခုကို ChatGpt ကိုအရင်ပေးလိုက်ပါတယ် ။ နောက်ထပ် Chapter 45 ခုအတွက်လဲ အဲ့လို chatgpt ကိုအဲ့လိုအကြောင်းအရာတွေ အရင်ပေးလိုက်ပါတယ် ။ နောက်ပြီးတဲ့ခါကျ အဲ့ဒီအကြောင်းအရာ ကို Chatgpt အားမေးပြီး ဘယ်လိုနေလဲ ဘာလိုလဲ မင်းအမြင်ကရောဘာလဲ ဆိုပြီးမေးပါတယ် ။ အဲ့လိုနဲ့ Chatgpt ရဲ့ အမြင်တွေထွက်လာတဲ့ အခါ အဲ့အတွေးကိုပဲ အသုံးပြုပြီး ရေးခိုင်းလိုက်ပါတယ် ။ အစပိုင်းမှာတော့ ကိုယ်တိုင်အားစိုက်ထုတ်ရတာပေါ့ နောက်ပိုင်းမှာတော့ ငါးကြင်းဆီနဲ့ငါးကြင်းကြော်တာပေါ့ ။
ဇာတ်လမ်းကမဆိုးဘူးလို့တော့ပြောပါတယ် ။ ဒါပေမဲ့ original ကိုတော့ဘယ်မှီမလဲ ။
နောက်ပိုင်းအခုလို Ai ကိုအသုံးပြုပြီး အနုပညာနယ်ပယ်ကိုချဲ့ထွင်လာတာတွေကိုတော်တော်များများတွေ့မြင်နေရပါတယ် ။ ဒါဟာ ကောင်းမွန်တဲ့ အရာလဲဖြစ်သလို ဆိုးဝါးတဲ့ အရာလဲဖြစ်နိုင်ပါတယ် ။

image