8 w - Translate

ဆိုးရွားတဲ့ပုံစံတွေကို မြန်မြန်ဆန်ဆန်မပြောင်းလဲပေးနိုင်ရင် မန်ယူနိုက်တက်ကနေ မိမိထွက်ခွာနိုင်တယ်လို့ နည်းပြအာမိုရင်ဝန်ခံ
မန်ယူနိုက်တက်အသင်းက ဝက်စ်ဟမ်းအသင်းကို (ဝ-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က အသင်းရဲ့ဆိုးရွားတဲ့ပုံစံတွေကို မြန်မြန်ဆန်မပြောင်းလဲပေးနိုင်ခဲ့ရင် သူဟာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ပြီးနောက် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ(၁၇)ပွဲကြုံတွေ့ထားပြီး ဒီရှုံးပွဲတွေထဲက (၁၃)ပွဲဟာ နည်းပြအာမိုရင်လက်ထက်မှာ ရှုံးနိမ့်ခဲ့တာပါ။

မန်ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေအလွန်ဆိုးရွားနေပြီး အမှတ်ပေးဇယားအဆင့်(၁၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ကစားသမားတွေဟာ ရှုံးပွဲကြုံတွေ့မှုတွေအပေါ်မှာ ဂရုစိုက်မှုမရှိတော့ကြောင်းနဲ့ အသင်းကြီးတစ်သင်းဖြစ်တယ်ဆိုတဲ့ ခံစားချက်ဆုံးရှုံးနေပြီလို့ ဆိုခဲ့ပါတယ်။

image