ကိုယ်ဝန်အတုနဲ့ မိမိဆီက ငွေညှစ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ ဆွန်ဟောင်မင်တိုင်ကြား
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ကိုယ်ဝန်အတုနဲ့ သူ့ဆီကနေ ငွေညှစ်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ တိုင်ကြားမှုပြုလုပ်ခဲ့ပါတယ်။ အသက်(၂၀)နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦးနဲ့ အသက်(၄၀)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို ငွေညှစ်ဖို့ကြိုးပမ်းမှုနဲ့ ဆိုးလ်မြို့ရှိ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ Yonhap သတင်းအေဂျင်စီနဲ့ The Korea Times တို့က ဖော်ပြထားတာပါ။
